EPL: ကွင်းလယ်ဒိုင်ကို ဝေဖန်သည့် မော်ရင်ဟိုကို အက်ဖ်အေ စွဲချက်တင်

လီဗာပူးနဲ့ ပွဲစဉ်မတိုင်ခင်မှာ ဝေဖန်မိခဲ့တာဖြစ်ပါတယ်။

play

 

လီဗာပူး - မန်ယူပွဲစဉ်အတွက် တာဝန်ချထားပေးခဲ့တဲ့ ကွင်းလယ်ဒိုင်နဲ့ပတ်သက်ပြီး မလျော်ကန်တဲ့ မှတ်ချက်ပြောကြားမိခဲ့တဲ့ နည်းပြမော်ရင်ဟိုကို အက်ဖ်အေက စွဲချက်တင်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

ပွဲမတိုင်ခင်မှာ မော်ရင်ဟိုက ဒိုင်လူကြီးတေလာနဲ့ပတ်သက်ပြီး အငြင်းပွားစရာ မှတ်ချက်အချို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ "တေလာဟာ အရမ်းကောင်းတဲ့ ဒိုင်လူကြီးပါ။ ဒါပေမဲ့ တစ်ယောက်ယောက်က သူ့ကိုဖိအားပေးမှာ ကျွန်တော်စိုးရိမ်မိတယ်။ သူ့အတွက်တော့ တကယ့်အရည်အသွေးကောင်းတွေ ဒီပွဲမှ ပြနိုင်ဖို့ ခက်ခဲပါလိမ့်မယ်" လို့ မော်ရင်ဟိုက ပြောခဲ့တာာပါ။

play

 

တေလာဟာ မန်ချက်စတာ မြို့သားတစ်ဦးဖြစ်တဲ့အတွက် လီဗာပူးနဲ့ မန်ယူပွဲစဉ်မှာ မန်ချက်စတာမြို့ခံ ဒိုင်လူကြီးကို တာဝန်ပေးတဲ့အပေါ် ပရိသတ်တွေက ဝေဖန်ကြတာပါ။ အက်ဖ်အေ ချမှတ်ထားတဲ့ စည်းကမ်းထိန်းသိမ်းရေးလက်စွဲစာအုပ် စည်းမျဉ်းဥပဒေ E3(1) ကို ချိုးဖောက်တာကြောင့် စွဲချက်တင်လိုက်ကြောင်း အက်ဖ်အေက ကြေညာပါတယ်။ လာမယ့် တနင်္လာနေ့အထိ မော်ရင်ဟိုဘက်က ဒီစွဲချက်ကို တုန့်ပြန်ခွင့် ရှိပါတယ်။

Source : Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ