EPL: အိုးထရက်ဖို့ဒ်မှ သန့်စင်ခန်းများကို မန်စီးတီး ပရိသတ်များ ဖျက်ဆီးခဲ့သည့် ဗီဒီယိုဖိုင် ထွက်ပေါ်

မန်ယူနဲ့ မန်စီးတီးတွေ့ဆုံတဲ့ လိဂ်ဖလားပွဲစဉ်မှာ ဖြစ်ပွားခဲ့တာပါ။

play

 

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ယှဉ်ပြိုင်ခဲ့ကြတဲ့ မန်ယူနဲ့ မန်စီးတီးအသင်း လိဂ်ဖလား ပွဲစဉ်မှာ မန်စီးတီးပရိသတ်တွေရဲ့ ဆိုးသွမ်းမှုအချို့ဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။

play

 

ဒီပွဲစဉ်ကို မန်ယူအသင်းအိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ ကစားခဲ့တာဖြစ်ပြီး မန်စီးတီးပရိသတ်အချို့က ဘောလုံးကွင်း သန့်စင်ခန်းထဲမှာ ပစ္စည်းတွေကို ဖျက်ဆီးနေတဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်မှာ ပျံ့လာခဲ့တာဖြစ်ပါတယ်။ သန့်စင်ခန်းအတွင်းက ကြွေထည်ပစ္စည်းတွေကို ဆိုးသွမ်းပရိသတ်အချို့က ရိုက်ခွဲဖျက်စီးခဲ့ကြတာဖြစ်ပါတယ်။ ဗီဒီယိုဖိုင် မြင်ကွင်းအရ ပစ္စည်းတွေကို ဖျက်စီးနေတဲ့ ပရိသတ်တွေဟာ " စီးတီး၊ စီးတီး" ဆိုပြီး အော်ဟစ်နေခဲ့ကြပါတယ်။

အဲဒီပွဲစဉ်မှ မန်ယူအသင်းက မန်စီးတီးအသင်းကို မာတာရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ အဆိုပါပွဲစဉ်ကို မန်စီးတီးပရိသတ် ၇၅၀၀ ခန့်လာရောက်အားပေးခဲ့ကြပါတယ်။ အခုတော့ ပျက်စီးမှုတွေကို ပြန်လည်ပြင်ဆင်ပြီးပြီလို့ သိရပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ