EPL: အာဆင်နယ် ချန်ပီယံဖြစ်ဖို့ လိုအပ်တဲ့ ရမှတ်ကို အာစင်ဝင်းဂါး ထုတ်ဖော်

, updated

အာဆင်နယ်က လက်ရှိအချိန်မှာ ကိုးပွဲကစားပြီး ရမှတ် ၂၀ ရရှိထားပါတယ်။

play

 

လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးပြိုင်ပွဲမှာ အာဆင်နယ်အသင်း ချန်ပီယံဖြစ်ဖို့အတွက် လိုအပ်တဲ့ ရမှတ်ကို နည်းပြ အာစင်ဝင်းဂါးက ခန့်မှန်းပြောကြားလိုက်ပါတယ်။ အာဆင်နယ်အသင်းက လက်ရှိ ကိုးပွဲကစားပြီးချိန်မှာ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ မန်စီးတီးအသင်းနဲ့ အမှတ်အတူတူ ဖြစ်နေပါတယ်။

play

 

အာဆင်နယ်အသင်းဟာ ဆယ်စုနှစ်တစ်ခုကျော်ကြာ ဝေးကွာနေတဲ့ အမှတ်ပေးချန်ပီယံဆုကို ဒီနှစ်မှာ ရရှိဖို့အတွက် အနည်းဆုံး ရမှတ် ၈၂ မှတ်ကနေ ၈၆ မှတ်အထိ ရရှိဖို့ လိုတယ်လို့ ပြောကြားလိုက်တာပါ။ ပြိုင်ဆိုင်မှု ပြင်းထန်လှတဲ့ ဒီပြိုင်ပွဲမှာ မိမိတို့ အာဆင်နယ်အသင်းဟာ ချန်ပီယံအတွက် တိုက်ပွဲဝင်နေတဲ့ အသင်းဖြစ်တယ်လို့ အာစင်ဝင်းဂါးက ပြောပါတယ်။ ချန်ပီယံဖြစ်ဖို့ ပွဲတိုင်းကို တိုက်ပွဲဝင်ဖို့ လိုတယ်လို့ မှတ်ချက်ပေးခဲ့ပါသေးတယ်။

play

 

လက်ရှိမှာ ပွဲစဉ် ၉ အထိ ကစားပြီးချိန်အရ အာဆင်နယ်ဟာ ဒီရာသီချန်ပီယံဖြစ်နိုင်ကြောင်း အရင်မှတ်တမ်းဟောင်းတွေအရ  သက်သေပြလျက်ရှိပါတယ်။ ၁၉၉၂ ခုနှစ်က စတင်ခဲ့တဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ အသင်းတွေက ကိုးပွဲ ကစားပြီးချိန်မှာ ရမှတ် ၁၇ မှတ်လောက်ကနေ ၂၃ မှတ်လောက်အထိ ရရှိခဲ့ကြတာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် သက်တမ်းတစ်လျှောက် ပွဲစဉ် ၉ ပွဲကစားပြီးချိန်မှ ရမှတ် ၁၆ မှတ်ရပြီး ရာသီအကုန်မှာ ချန်ပီယံ ဖြစ်ခဲ့တဲ့ အသင်းက မန်စီးတီးနဲ့ လက်စတာ ဖြစ်ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ