EPL: လီဗာပူးချန်ပီယံဖြစ်မည်ကို စိုးရိမ်သည့်ရိုင်ယန်ဂစ် လီဗာပူး၏ အားနည်းချက်ကို ထုတ်ဖော်

လီဗာပူးအသင်းကို အနိုင်မယ့် လျှို့ဝှက်ချက်ကို ရိုင်ယန်ဂစ်က ဖော်ထုတ်လိုက်တာဖြစ်ပါတယ်။

play

 

ဒီရာသီမှာ ခြေစွမ်းကောင်းမွန်ပြီး အမှတ်ပေးချန်ပီယံဆုကို စိန်ခေါ်နေတဲ့ လီဗာပူးအသင်းကို ဘယ်လိုအနိုင်ရအောင် ကစားမလဲဆိုတာ မန်ယူအသင်းကစားသမားနဲ့ လက်ထောက်နည်းပြဟောင်း ရိုင်ယန်ဂစ်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

play

 

လီဗာပူးအသင်းကို ရိုင်ယန်ဂစ်က ပြီးခဲ့တဲ့ရာသမီာ ဗန်ဟားလ်ရဲ့လက်ထောက်နည်းပြအဖြစ် ရင်ဆိုင်ခဲ့ဖူးပြီး အဲဒီတုန်းက ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့ဖူးပါတယ်။ လီဗာပူးအသင်းရဲ့ ဘောလုံးပေးပို့မှုတွေဖျက်ဆီးပစ်ဖို့ ကစားသမားတစ်ဦးလိုအပ်တယ်လို့ ရိုင်ယန်ဂစ်က တယ်လီဂရက်ဖ် သတင်းစာမှာရေးသားဖော်ပြခဲ့ပါတယ်။ လီဗာပူးအသင်းရဲ့ ပြိုင်ဘက်ကို ဖိအားပေး တိုက်စစ်ဆင်တတ်တဲ့ ကစားကွက်ကနေ ရုန်းထွက်ဖို့အတွက် ကွင်းလယ်မှာ သူတို့ကစားကွက်ကိုဖျက်ဆီးဖို့ ဖယ်လိုင်နီလို ကစားသမားမျိုး လိုအပ်တယ်လို့ ရိုင်ယန်ဂစ်ကပြောပါတယ်။

play

 

လီဗာပူးအသင်းခြေထဲ ဘောလုံးရောက်နေတဲ့အခါ ဘောလုံးတစ်ချက်၊ နှစ်ချက်ထိရုံလောက်ပဲ ခွင့်ပြုပေးထားလို့ရပြီး အသင်းကစားကွက် ပြန်မတည်နိုင်ခင်မှာ ဖျက်ဆီးပစ်ဖို့လိုကြောင်း မန်ယူအသင်းရဲ့ ဂန္တဝင်ကစားသမားက သုံးသပ်ထားပါတယ်။ လီဗာပူးအသင်း ဒီတစ်ပတ်မှာ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီရာသီမှာ လီဗာပူးချန်ပီယံဖြစ်ဖို့ကိုလည်း စိုးရိမ်ရကြောင်း ရိုင်ယန်ဂစ်က ဝန်ခံခဲ့ပါသေးတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ