EPL: နိုင်ပွဲဆာလောင်နေသည့် စပါးနှင့် တွေ့ရမည်ကို လက်စတာနည်းပြ စိုးရိမ်

စပါးအသင်းဟာ ပြီးခဲ့တဲ့ ရာသီမှာ လက်စတာအသင်းရဲ့ အဓိက ပြိုင်ဘက် ဖြစ်ခဲ့တာပါ။

play

 

ဒီတစ်ပတ် လက်စတာအသင်း တွေ့ဆုံရမယ့် စပါးအသင်းဟာ နိုင်ပွဲဆာလောင်နေတဲ့ အသင်းဖြစ်တယ်လို့ လက်စတာအသင်းနည်းပြ ရေနီယာရီက သတိပေးပြောကြားလိုက်ပါတယ်။

play

 

စပါးအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ လက်စတာအသင်းရဲ့ ချန်ပီယံလမ်းကြောင်းကို အခြိမ်းခြောက်နိုင်ဆုံး အသင်းဖြစ်ခဲ့တာပါ။ နောက်ဆုံးလက်ကျန်ပွဲစဉ်တွေမှာ ခြေချော်ခဲ့လို့သာ အဆင့်-၃ နေရာရပ်တည်ခဲ့ရတာဖြစ်ပါတယ်။ " သူတို့အသင်းဟာ ကောင်းကောင်းတုန့်ပြန်နိုင်စွမ်းရှိပါတယ်။ ကျွန်တော်တို့ကို အနိုင်ယူဖို့လည်း သူတို့မှာ အကြောင်းပြချက် ကောင်းကောင်းတွေရှိပါတယ်။

play

 

ကျွန်တော်တို့အသင်းကတော့ စည်းကမ်းပိုင်းကောင်းကောင်းနဲ့  စွမ်းအားကို ပြရမှာပါပဲ။ သူတို့ဟာ လက်စတာကို အနိုင်ယူဖို့ ဆာလောင်ပြင်းပြစိတ်နဲ့ လာရောက်ကြမှာပါ" လို့ ရေနီယာရီက ပြောပါတယ်။ စပါးအသင်းက လက်ရှိအချိန် အဆင့်-၅ နေရာမှာ ရှိနေပေမယ့် ထိပ်ဆုံးက မန်စီးတီးအသင်းနဲ့ တစ်မှတ်သာ ကွာဟနေပါတယ်။ လက်စတာအနေနဲ့ ရာသီအစပိုင်းကထက် ခံစစ်ပိုကောင်းလာပြီလို့လည်း ရေနီယာရီက ပြောပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ