EPL: မန်ယူကစားသမားများ နိုင်ပွဲရလိုစိတ် ကင်းမဲ့နေဟု မော်ရင်ဟို ဝေဖန်

အသင်းကိုတည်ဆောက်ရာမှာ အခက်ခဲဆုံး အပိုင်းဖြစ်တယ်လို့ မော်ရင်ဟိုက ဆိုပါတယ်။

play

 

မန်ယူအသင်းရလဒ်တွေ မကောင်းခဲ့ရတဲ့ အကြောင်းရင်းဟာ အသင်းကစားသမားတွေ နိုင်ပွဲယူလိုစိတ် ပျောက်ဆုံးနေခြင်းကြောင့်ဖြစ်ကြောင်း မန်ယူအသင်းနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်ပါတယ်။

play

 

အရင် မန်ယူအသင်း ကစားသမားဟောင်းတွေဖြစ်တဲ့ ရိုင်ယန်ဂစ်၊ပေါလ်စခိုးလ်နဲ့ ဘော်ဘီရော့်ဆင်တို့လို ပွဲတိုင်းနိုင်ပွဲယူချင်စိတ် ပျောက်ဆုံးနေခဲ့ကြလို့ အခုမန်ယူအသင်းဟာ ရလဒ်ကောင်းဖို့ ရုန်းကန်နေရတယ်လို့ မော်ရင်ဟိုက ပြောပါတယ်။ ဖာဂူဆန်လက်ထက်မှာ မန်ယူအသင်းက ရာသီတိုင်း အမှတ်ပေးချန်ပီယံဖြစ်ဖို့ ရေပန်းစားခဲ့ပေမယ့် လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစလို့ ချန်ပီယံလိဂ်တောင် ဝင်ခွင့်မရတဲ့နှစ်တွေ ရင်ဆိုင်လာရပါတယ်။

play

 

ဖာဂူဆန်ခေတ်အလွန် ဒေးဗစ်မိုယက်စ်၊ နည်းပြဗန်ဟားလ်တို့ ကိုင်တွယ်ခဲ့တဲ့ နှစ်တွေအတွင်း ချန်ပီယံလိဂ် ဝင်ခွင့်မရတဲ့ နှစ်တွေရှိခဲ့သလို အသင်းအတွက် ဒီကာလအတွင်း အက်ဖ်အေဖလားတစ်လုံးသာ ရခဲ့ပါတယ်။ " ကျွန်တော်ရောက်လာပြီးနောက် သုံးလလောက်အတွင်းမှာ ပြောင်းလဲဖို့ အခက်ဆုံးအရာတွေကို အခုထိ ပြောင်းလဲဖို့ ခက်နေပါသေးတယ်။ ကစားကွက်နဲ့ အမှားတွေကို ပြင်ဆင်နိုင်သလောက် ပြင်ဆင်ထားတယ်ဆိုပေမယ့် စိတ်ဓာတ်ပိုင်းဆိုင်ရာကိုတော့ ပြင်ဆင်ပြောင်းလဲအောင် မလုပ်နိုင်သေးပါဘူး။ အချိန်ပိုယူရပါမယ်" လို့မော်ရင်ဟိုက ဆိုပါတယ်။

အသင်းတစ်သင်းကို ကိုင်တွယ်ရာမှာ ဒီအပိုင်းက အခက်ခဲဆုံး ဖြစ်တယ်လို့ မော်ရင်ဟိုက ပြောပါတယ်။ အချို့အသင်းတွေက ဒီလိုနိုင်ပွဲဆာလောင်စိတ်အပြည့်အဝ ရှိပြီး အချို့အသင်းကစားသမားတွေကတော့ ဘယ်လိုအချိန်မှာ၊ ဘယ်လိုပုံစံနဲ့ နိုင်ပွဲယူရမယ်ဆိုတာ မသိကြသေးဘူးလို့ အသင်းကစားသမားတွေ နည်းပြက အရိပ်အမြွက်ပြောကြားခဲ့ပါသေးတယ်။

Source : ESPN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ