EPL: မန်ယူ နိုင်ပွဲပျောက်ပြီး အမှတ်ပေးဇယားကို မန်စီးတီး ဆက်လက်ဦးဆောင်

မန်ယူအသင်းဟာ ဂိုးသွင်းခွင့် အကြိမ်ကြိမ် ရခဲ့ပေမယ့် တစ်ဂိုးမှသွင်းနိုင်ခြင်း မရှိခဲ့ပါဘူး။

play

 

ပြီးခဲ့တဲ့ ကြားရက်အတွင်းက လိဂ်ဖလားပြိုင်ပွဲမှာ ဒါဘီပြိုင်ဘက် မန်စီးတီးကို အနိုင်ခဲ့တဲ့ မန်စီးတီးအသင်းဟာ ဘန်လေအသင်းနဲ့ ပွဲစဉ်မှာတော့ ရလဒ်ကောင်းဖို့ ရုန်းကန်ခဲ့ရပါတယ်။ ပွဲချိန် ၆၈ မိနစ်မှာ ဟာရဲယား အထုတ်ခံလိုက်ရတာကြောင့်လည်း မန်ယူအသင်းအတွက် ရလဒ်ကောင်းဖို့ ပိုပြီးခက်ခဲသွားခဲ့တာပါ။

play

 

ပွဲချိန် ၁၇ မိနစ်မှာ မာတာရဲ့ ဖန်တီးပေးပို့မှုကတဆင့် အီဗရာဟီမိုဗစ်ခ်ျ ဂိုးသွင်းခွင့် ရပေမယ့် ဘန်လေဂိုးသမား ဟီတန်ကာကွယ်သွားနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာတင် မန်ယူအသင်း ဂိုးသွင်းခွင့် အကြိမ်ကြိမ် ရခဲ့ပေမယ့် ဂိုးကံခေနေခဲ့တဲ့အပြင် ဘန်လေနောက်တန်းလည်း လိုတာထက်ပိုပြီး ကျစ်လစ်ခဲ့လို့ ဂိုးမရဖြစ်ခဲ့ရပါတယ်။

play

 

ဒုတိယပိုင်း ၆၈ မိနစ်မှာ မာနေးကို အဖျက်ကြမ်းတဲ့ ဟာရဲယားကို ကွင်းလယ်ဒိုင် ကလက်တန်ဘာ့ဂ် က ဒုတိယအဝါကတ်ပြလိုက်လို့ ကွင်းထဲက ထွက်ခဲ့ရပါတယ်။ ပွဲချိန် ၇၀ မိနစ်နောက်ပိုင်းမှာ ဘန်လေးအသင်း ကွင်းတစ်ဝက်အထိ မန်ယူ ဖိအားပေး ကစားနိုင်ခဲ့ပါတယ်။

play

 

တစ်ဖက်မှာ မန်စီးတီးအသင်းက ဝက်စ်ဘရွန်းကို လေးဂိုးပြတ် အနိုင်ရလို့ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့ပြီး အာဆင်နယ်က အစောပိုင်းနိုင်ပွဲကြောင့်ဒုတိယနေရာမှာ ရှိနေခဲ့ပါတယ်။

Source : Daily Mail/ goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ