EPL: ဒိုင်လူကြီးကို စောဒကတက်မိလို့ ပွဲကြည့်စင်ပေါ် ရောက်သွားတဲ့ မော်ရင်ဟို

, updated

ကွင်းအတွင်းမှာ အသင်းကို ကြီးကြပ်ခွင့် အပိတ်ခံလိုက်ရတာဖြစ်ပါတယ်။

play

 

ဘန်လေအသင်းနဲ့ပွဲစဉ်မှာ စတုတ္ထဒိုင်ကို စောဒကအပြင်းအထန် တက်မိခဲ့ပြီး စကားများ ရန်ဖြစ်ခဲ့တဲ့အတွက် မော်ရင်ဟိုဟာ နည်းစနစ်ဧရိယာအတွင်းကထွက်ပြီး ပွဲကြည့်စင်ပေါ် သွားရောက်ကြည့်ရှုခဲ့ရပါတယ်။

ဒုတိယပိုင်းမှာ မန်ယူအသင်းကစားသမား ဒါမီယန်ကို ဂိုးဧရိယာအတွင်း ပြင်းပြင်းထန်ထန် ဖျက်ထုတ်မှုအပေါ် ပင်နယ်တီမပေးခဲ့တဲ့အတွက် မော်ရင်ဟိုက စောဒကတက်ခဲ့တာဖြစ်ပါတယ်။ အဲဒီအတွက် ကွင်းလယ်ဒိုင်က မော်ရင်ဟိုကို အနီးကပ် ကြီးကြပ်ခွင့်မပေးတော့ဘဲ ပွဲကြည့်စင်ပေါ်မှာသာ သွားရောက်ကြည့်ရှုစေခဲ့တာဖြစ်ပါတယ်။

play

 

မှတ်တမ်းတင်ထားခဲ့တဲ့ ဓာတ်ပုံတွေအရ မော်ရင်ဟိုဟာ ပွဲကြည့်စင်ပေါ်မှာ ကြည့်နေရင်းက မန်ယူအသင်း ဂိုးကံခေမှုကို အကြီးအကျယ် စိတ်ပျက်နေခဲ့တာ တွေ့ရပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ