EPL: နည်းပြ မော်ရင်ဟို ကွင်းအတွင်း ဝင်ရောက်ကြီးကြပ်ခွင့် အပိတ်ခံရဖွယ်ရှိ

, updated

မော်ရင်ဟိုအတွက် ကံဆိုးမှုတွေ ဆက်တိုက်ကြုံနေရတဲ့ ရက်သတ္တပတ်ပါ။

play

 

ဘန်လေအသင်းနဲ့ မန်ယူ သရေကျခဲ့တဲ့ပွဲစဉ်မှာ ဒိုင်လူကြီးနဲ့ အချင်းများခဲ့တဲ့ မန်ယူအသင်းနည်းပြမော်ရင်ဟိုဟာ ပွဲပယ်ပြစ်ဒဏ် ကျခံရဖွယ် ရှိနေကြောင်း သိရပါတယ်။

play

 

စနေနေ့က ကစားခဲ့တဲ့ ဘန်လေအသင်းနဲ့ပွဲစဉ်မှာ ပထမပိုင်းအပြီးမော်ရင်ဟိုက စောဒကတက်မှု များစွာ ပြုလုပ်ခဲ့လို့ နည်းစနစ်ဧရိယာအတွင်း ကနေ ပွဲကြည့်စင်ပေါ် တက်ဖို့ ကွင်းလယ်ဒိုင်ကအမိန့်ပေးခဲ့ပါတယ်။ မော်ရင်ဟိုရဲ့ အပြုအမူကို အခု အက်ဖ်အေဘက်က ပြန်လည်သုံးသပ်သွားပြီး လိုအပ်လာရင် ကွင်းအတွင်း ဝင်ရောက်ကြီးကြပ်ခွင့် ပိတ်ပင်ဖွယ် ရှိတယ်လို့ ဆိုပါတယ်။

play

 

ဒိုင်လူကြီးတွေ တာဝန်ထမ်းဆောင်မှုအပေါ် စွက်ဖက်နှောက်ယှက်မှု ထင်ရှားခဲ့မယ်ဆိုရင် နည်းပြမော်ရင်ဟိုအနေနဲ့ အနည်းဆုံး နည်းပြအဖွဲ့ထိုင်တဲ့ နည်းစနစ်ဧရိယာအတွင်း ဝင်ရောက်ကြီးကြပ်ခွင့် အပိတ်ခံရနိုင်ပါတယ်။ ဘန်လေနဲ့ပွဲအပြီးမှာ မော်ရင်ဟိုကဟာ ပွဲပြီး သတင်းစရှင်းလင်းပွဲကို မတက်ရောက်ခဲ့ပဲ သူ့ရဲ့လက်ထောက်နည်းပြ ဖာရီယာသာ တက်ရောက်ခဲ့ပါတယ်။

 

Source : Mirror

၂၀၁၆-၁၇ ဘောလုံးရာသီတွင် မန်ယူအသင်း ချန်ပီယံလိဂ် ဝင်ခွင့် ရမည် ထင်ပါသလား ? »

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ