EPL: အဝေးကွင်းမှာ ကော်စတာဂိုးသွင်းပြီး ချယ်လ်ဆီး နိုင်ပွဲရ

တိုက်စစ်မှူး ကော်စတာလည်း ပရီးမီးယားလိဂ်မှာ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်လာပါတယ်။

play

 

ဒီနေ့ည ကစားခဲ့တဲ့ ပွဲစဉ်မှာ မာဆေးဆိုက်အသင်း အဲဗာတန်လည်း အနိုင်ရခဲ့သလို နောက်ကျပွဲစဉ်မှာလည်း ချယ်လ်ဆီးအသင်းက ဆောက်သမ်တန်ကွင်းမှာ အနိုင်ရခဲ့ပါတယ်။

 ဒီရာသီမှာ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး ကော်စတာက ချယ်လ်ဆီးအသင်းအတွက် တစ်ဂိုးသွင်းယူပေးခဲ့ပြီး ဟာဇက်ကတော့ အဖွင့်ဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ပွဲစပြီး ခြောက်မိနစ်မှာတင် ချယ်လ်ဆီးအသင်းအတွက် အဖွင့်ဂိုးကို ဟာဇက်က သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

play

 

မော့ဆက်နဲ့ အပေးအယူလုပ်ပြီးနောက် ဟာဇက်က ဂိုးထဲကို အနိမ့်ဘော သွင်းယူလိုက်တာဖြစ်ပါတယ်။

ဆောက်သမ်တန်အသင်း ဂိုးပေးလိုက်ရပြီးနောက် အသင်းတိုက်စစ်က ပြန်လည်အသက်ဝင်လာခဲ့ပြီး အော်စတင်က ချယ်လ်ဆီးနောက်တန်းကို ခြိမ်းခြောက်မှုအနည်းငယ် လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယပိုင်း ပြန်စပြီး ၁၀ မိနစ်အကြာမှာ ချယ်လ်ဆီး နောက်ထပ်တစ်ဂိုး ထပ်ရပါတယ်။

တိုက်စစ်မှူး ကော်စတာက ဂိုးဧရိယာ အပြင်ကနေ ကန်သွင်းယူလိုက်တာပါ။ ဒီဂိုးကြောင့် ကော်စတာဟာ ပရီးမီးယားလိဂ်မှာ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်လာပြန်ပါတယ်။

ချယ်လ်ဆီးကတော့ ဒီပွဲအပြီး ထိပ်ဆုံးကမန်စီးတီးအသင်းနဲ့ တစ်မှတ်အကွာ အဆင့်-၄ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်

Source : Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ