EPL: ယခုတစ်ပတ် ပရီးမီးယားလိဂ် အကောင်းဆုံးကစားသမား (၁၁) ဦး

မန်စီးတီးနဲ့ အာဆင်နယ်အသင်း ကစားသမားတွေ လွှမ်းမိုးခြေစွမ်းပြခဲ့တဲ့ နှစ်ဖြစ်ပါတယ်။

play

 

မန်စီးတီး၊ အာဆင်နယ်၊ ချယ်လ်ဆီး၊ လီဗာပူးအသင်းတို့ ရလဒ်ကောင်းခဲ့ကြတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် - ၁၀ က ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။

အသင်းရှုံးပေမဲ့ ခြေစွမ်းပြကစားနိုင်ခဲ့တဲ့ ကစားသမားတွေလည်းရှိသလို အသင်းအနိုင်ရဖို့ အကောင်းဆုံး အထောက်အကူ ပြုခဲ့တဲ့ ကစားသမားတွေလည်းရှိပါတယ်။

ဒီတစ်ပတ်ရဲ့ အကောင်းဆုံး ကစားသမား ၁၁ ဦးစာရင်းကို ရွေးချယ်ဖော်ပြလိုက်ပါတယ။်

၁။ ဟီတန် (ဘန်လေ)

play

 

မန်ယူအသင်းရဲ့ အပိုင်ကန်သွင်းချက်တွေကို ကာကွယ်ပေးပြီး ဘန်လေအတွက် သရေတစ်မှတ်ရယူပေးသွားတဲ့ ဂိုးသမားဖြစ်ပါတယ်။

၂။ မော့ဆက် (ချယ်လ်ဆီး)

ချယ်လ်ဆီးအသင်းရဲ့ ညာနေက်ခံ ကစားသမားဖြစ်ပေမဲ့ ဂျအသင်းရဲ့ အရေးပါတဲ့ ဂိုးအတွက် ဖန်တီးပေးနိုင်ခဲ့သူပါ။

၃။ ဂျိုဝဲလ်မက်တစ်  (လီဗာပူး)

ခရစ္စတယ်ပဲလေ့စ်ကို ၄-၂ နဲ့ နိုင်တဲ့ပွဲမှာ မက်တစ်တို့နောက်တန်းက ဂိုးတွေပေးခဲ့ရပေမဲ့ အဓိကျတဲ့ ဂိုးရရှိမှုမှာ ပါဝင်အားထုတ်ပေးခဲ့သူ ဖြစ်ပါတယ်။

၎။ မိုက်ကယ်ကိန်း (ဘန်လေ)

ဒီတစ်ပတ် အကောင်းဆုံးနောက်ခံ ကစားသမားစာရင်းထဲမှာ ဘန်လေက ဒုတိယကစားသမားဖြစ်ပါတယ်။ ဂိုးမပေးခဲ့ရမှုမှာ မိုက်ကယ်ကိန်းရဲ့ကြိုးပမ်းမှုတွေလည်း ပါဝင်ပါတယ်။

၅။ ကီရန်ဂစ်ဘ် (အာဆင်နယ်)

အာဆင်နယ်ရဲ့ ဂိုးပြတ်နိုင်ပွဲမှာ ကီရန်ဂစ်ဘ်က ခံစစ်ကစားသမားဖြစ်ပေမဲ့ အရေးပါတဲ့ ဂိုးအတွက်ဖန်တီပေးတာတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။

၆။ ဘာကလေ (အဲဗာတန်)

အဲဗာတန်ရဲ့နိုင်ပွဲမှာ အသင်းအတွက် ဒုတိယဂိုးသွင်းခဲ့သူပါ။

၇။ ဂန်ဒိုဂန် (မန်စီးတီး)

play

 

မန်စီးတီးအသင်းရဲ့ လေးဂိုးပြတ် နိုင်ပွဲမှာ ဂန်ဒိုဂန်က အဓိက ကျခဲ့ပါတယ်။ ဒဏ်ရာက ပြန်သက်သာလာစ ဆိုပေမဲ့ နှစ်ဂိုးသွင်းပြီး တစ်ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။

၈။ ကော်တင်ဟို (လီဗာပူး)

ဒီလီဗာပူး ကစားသမားကလည်း အသင်းအတွက် ဂိုးဖန်တီးပေးမှု နှစ်ကြိမ်တောင် ပြုလုပ်ပေးနိုင်ခဲ့တာပါ။

၉။ အဂူရို (မန်စီးတီး)

မန်စီးတီးမှာ အဂူရိုရဲ့ အနာဂတ် ဆက်ရှိနေဦးမယ်ဆိုတာ ပြီးခဲ့တစ်ပတ် လေးဂိုးပြတ်နိုင်ပွဲက သက်သေပြခဲ့ပါတယ်။

၁၀။ ကော်စတာ (ချယ်လ်ဆီး)

play

 

ချယ်ဆီးအသင်းအတွက် အနိုင်သေချာစေတဲ့ ဒုတိယဂိုးကို ဆောက်သမ်တန်နဲ့ပွဲမှာ သွင်းယူပြီး ပရီးမီးယားလိဂ်မှာ ဂိုးသွင်းအများဆုံးကစားသမား ဖြစ်နေတာပါ။

၁၁။ ဆန်းချက်ဇ် (အာဆင်နယ်)

ဆန်းချက်ဇ်ရဲ့ ဂိုးဟာ အာဆင်နယ်အတွက် အရေးပါခဲ့ရုံသာမက ဒီရာသီ အလှဆုံးဂိုးတစ်ဂိုးလို့လည်း ပြောနေကြပါတယ်။

Source : ESPN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ