EPL: မန်ယူ ၀-၀ ဘန်လေပွဲစဉ်မှ အံ့အားသင့်ဖွယ်ရာ အချက် (၇) ချက်

ဒီပွဲအပြီးမှာ ထွက်လာတဲ့ မန်ယူအသင်းရဲ့ အချက်အလက်တွေဟာ ပရိသတ်တွေကို အံ့အားသင့်စေပါလိမ့်မယ်။

play

 

ဘန်လေအသင်းနဲ့ ပွဲစဉ်မှာ ဂိုးရဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမဲ့ မန်ယူအသင်းဟာ ကံဆိုးမှုများစွာ၊ အဆုံးသတ် ညံ့ဖျင်းမှု များစွာနဲ့ ဂိုးမရှိသရေရလဒ်သာ ရခဲ့ပါတယ်။ ဒီပွဲအပြီးမှာ ထွက်ပေါ်လာတဲ့ အချက်အလက် (၇) ချက်ဟာ မန်ယူအသင်းပရိသတ်တွေကို အလွန်အံ့အားသင့်သွားစေပါလိမ့်မယ်။

၁။ တန်းဆင်းဇုန်းအနီး

play

 

ဆယ်ပွဲအပြီး ၁၅ မှတ်ပဲရသေးတဲ့ မန်ယူအသင်းဟာ မန်စီးတီးနဲ့ ရှစ်မှတ်ကွာသွားခဲ့ပါပြီ။ တန်းဆင်းဇုန် အဆင့် ၁၈ နေရာမှာ ရှိနေတဲ့ ဟားလ်စီးတီးအသင်းနဲ့လည်း ၈ မှတ်သာ ကွာပါတော့တယ်။

၂။ ဂိုးပေါက်ကန်သွင်းချက်

play

 

မန်ယူဟာ ဘန်လေအသင်းဘက်ကို ဂိုးပေါက်ကန်သွင်းချက် ၃၇ ကြိမ်ရှိခဲ့ပါတယ်။ ဒါဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲတစ်လျှောက် အများဆုံးစံချန်ပါပဲ။

၃။ ၁၈ ကြိမ် တားဆီးခံရ

play

 

ဒါပေမဲ့ ဂိုးပေါက်ကန်ချက် ၃၇ ကြိမ်ထဲက ၁၈ ကြိမ်ဟာ ဘန်လေကစားသမားတွေ တားဆီးခဲ့တာပါ။

၎။ အီဗရာဟီုမိုဗစ်ခ်ျ

play

 

အီဗရာဟီမိုဗစ်ခ်ျက ၁၂ ကြိမ်ဂိုးပေါက်ကန်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါဟာ ငါးနှစ်အတွင်း ကစားသမားတစ်ဦးက ပြိုင်ဘက်ဂိုးပေါက်ကို ခြိမ်းခြောက်မှုထဲမှာ အများဆုံးပါပဲ။

၅။ စံချိန်ဆိုး

play

 

 မိုဗစ်ခ်ျက အခုတော့ ၆ ပွဲဆက် ဂိုးမသွင်းနိုင်တဲ့ ကစားသမားဖြစ်နေပါတယ်။ ကိုးနှစ်အတွင်း မိုဗစ်ခ်ျအတွက် အဆိုးဆုံး စံချိန်ပါပဲ။

၆။ ဂိုးသွင်းခွင့်

play

 

OPta ရဲ့ စာရင်းတွေအရ မန်ယူအသင်းဟာ ဒီရာသီမှာ အပိုင်အခွင့်အရေး အလွဲဆုံးအသင်းဖြစ်ပါတယ်။

၇။ ဒေးဗစ်မိုယက်စ်

play

 

ဒေးဗစ်မိုယက်စ်လက်ထက် မန်ယူအသင်းစံချိန်က မော်ရင်ဟိုထက် ပိုကောင်းနေပါတယ်။ မိုယက်စ်တုန်းက လိဂ်ပွဲ ၁၀ ပွဲကစားပြီး ၁၇ မှတ်ရခဲ့ပါတယ်။

ှSource : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ