EPL: တစ်ဦးတည်း လေ့ကျင့်နေရသည့် ရှဝိန်းစတိုင်ဂါ အသင်းနှင့်အတူ လေ့ကျင့်ခန်း ပြန်ဆင်းခွင့်ရပြီ

မန်ယူအသင်းကြီးနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းခွင့် ရနေပြီဖြစ်ပါတယ်။

play

 

အသင်းရလဒ်တွေ ဆိုးရွားလာခဲ့ပြီးနောက် မန်ယူအသင်းနည်းပြ မော်ရင်ဟိုဟာ ဂျာမန်ကစားသမား ရှဝိန်းစတိုင်ဂါကို အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းခွင့်ပေးလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

play

 

မော်ရင်ဟိုဟာ အသင်းကိုရောက်လာပြီးတဲ့နောက် ရှဝိန်းစတိုင်ဂါကို ပထမအသင်းစာရင်းမှာ မထည့်ရုံသာမက အသင်းကြီးနဲ့အတူ လေ့ကျင့်ခန်းပါဆင်းခွင့်မပေးခဲ့ပါဘူး။ ဒီဂျာမန်ကစားသမားဟာ အသင်းဖော်တွေနဲ့ လေ့ကျင့်ခန်း မဆင်းရပဲ တစ်ဦးတည်းသာ လေ့ကျင့်ခန်း ဆင်းခဲ့ရပြီးနောက် အခု မန်ယူအသင်းကြီးနဲ့အတူ ပြန်လည်လေ့ကျင့်ဖို့ မော်ရင်ဟို ညွှန်ကြားလိုက်တာ ဖြစ်ပါတယ်။

play

 

ဒါပေမယ့်လည်း အခုတစ်ပတ်မှသာ အသင်းနဲ့ အတူ လေ့ကျင့်ခန်းဆင်းရတာဖြစ်လို့ အသင်းရဲ့ပွဲထွက်စာရင်းမှာ ပါဝင်ဖို့တော့ မဖြစ်နိုင်သေးကြောင်း ဗြိတိန်မီဒီယာတွေက သုံးသပ်ထားပါတယ်။ အသင်းနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းခိုင်းတာဟာ ရှဝိန်းစတိုင်ဂါကို ကြံ့ခိုင်မှု ပြည့်ယနေစေဖို့လို့ ယူဆရပြီး လာမယ့် ဇန်နဝါရီမှာ ပြန်လည်ရောင်းချဖွယ် ရှိနေပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ