EPL: ရန်ပုံငွေပွဲမှာ ကျပ်သိန်း ၂၅၀ တန်နာရီကို ချွတ်ပြီး လှူဒါန်းလိုက်တဲ့ မော်ရင်ဟို

ရန်ပုံငွေပွဲ သိမ်းခါနီး အချိန်ရောက်မှသာ မော်ရင်ဟိုက သဒ္ဓါပေါက်ပြီး လှူဒါန်းခဲ့တာဖြစ်ပါတယ်။

play

 

ပြီးခဲ့တဲ့ တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ ယူနီဆက်ဖ် ရန်ပုံငွေ ညစာစားပွဲမှာ မန်ယူအသင်းနည်းပြ မော်ရင်ဟိုက သူ့ဝတ်ဆင်လာတဲ့ တန်ဖိုးကြီး လက်ပတ်နာရီကို ချွတ်ပြီး  လှူဒါန်းလိုက်ကြောင်း သိရပါတယ်။

play

 

ယူနီဆက်ဖ်နဲ့ မန်ယူအသင်းတို့ရဲ့ ရန်ပုံငွေရှာဖွေခြင်းပွဲကို နှစ်စဉ်ပြုလုပ်လေ့ရှိပြီး မန်ယူအသင်းတစ်သင်းလုံး တက်ရောက်လေ့ ရှိပါတယ်။ အဲဒီပွဲစဉ်မှာ မော်ရင်ဟိုက သူဝတ်လာတဲ့ ဒေါ်လာ နှစ်သောင်းတန် လက်ပတ်နာရီကို ချွတ်ပြီး ရန်ပုံငွေအတွက် လှူဒါန်းလိုက်တာ ဖြစ်ပါတယ်။

play

 

 မြန်မာငွေ ကျပ်သိန်း နှစ်ရာ့ငါးဆယ်လောက်တန်ကြေးရှိတဲ့ နာရီအပြင် မော်ရင်ဟို မန်ယူရောက်ခါစက မိတ်ဆက်ပွဲမှာ အသုံးပြုခဲ့တဲ့ နဖူးစည်း၊ ခေါင်းစွပ်အင်္ကျီတို့ကိုပါ လက်မှတ်ထိုး လှူဒါန်းခဲ့တာဖြစ်ပြီး စုစုပေါင်း တန်ကြေးက ဒေါ်လာ သုံးသောင်းခွဲကျော် ရှိခဲ့ပါတယ်။

ရန်ပုံငွေပွဲမှာ အလှူခံတာကနေ စုစုပေါင်း ဒေါ်လာ နှစ်သိန်းခွဲခန့် ရရှိခဲ့တယ်လို့ သိရပါတယ်။

ှSource : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ