EPL: အောက်တိုဘာလအတွင်း အကောင်းဆုံး ကစားသမားဖြစ်ခဲ့သည့် ဟာဇက်

အောက်တိုဘာလအတွင်းမှာ ဟာဇက်က ဂိုးပြန်သွင်းပြီး အသင်အတွက် ခြေစွမ်းပြခဲ့ပါတယ်။

play

 

ပရော်ဖက်ရှင်နယ်ဘောလုံးသမားများ အဖွဲ့ချုပ်ရဲ့ ပရိသတ်တွေ ရွေးချယ်ချီးမြှင့်တဲ့ အောက်တိုဘာလ ပရီးမီးယားလိဂ် အကောင်းဆုံးကစားသမားဆုကို ချယ်လ်ဆီးကစားသမား ဟာဇက်က ရရှိသွားပါတယ်။

ချယ်လ်ဆီးအသင်းအတွက် ငါးပွဲဆက်တိုက် ဂိုးမသွင်းနိုင်ခဲ့ပေမယ့် အောက်တိုဘာလအတွင်းမှာ ဟာဇက်က သုံးဂိုး ပြန်သွင်းနိုင်ခဲ့ပါတယ်။ မန်ယူအသင်းကို ၄-၀ ဂိုးနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာလည်း ဟာဇက်က ဂိုးသွင်းနိုင်ခဲ့တာပါ။ ကွင်းလယ် ကစားသမား ဟာဇက်က မနှစ်က ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းနဲ့အတူ ၃၁ ပွဲဝင်ကစားခဲ့ပေမယ့် လေးဂိုးသာ သွင်းနိုင်တဲ့အထိ ခြေပျက်ခဲ့တာပါ။

play

 

၂၀၁၅-၁၅ ဘောလုံးရာသီအတွက် ပရောက်ဖက်ရှင်နယ်အကောင်းဆုံး ဘောလံးသမားဆုကို ရရှိထားတဲ့ ဟာဇက်က ဒီရာသီမှာ ခြေစွမ်းပြန်ပြနေတာဖြစ်ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ