EPL: ပွဲပယ်ပြစ်ဒဏ်ကြောင့် လာမည့်ပွဲကို မော်ရင်ဟို ပွဲကြည့်စင်မှသာ ကြည့်ရမည်

မော်ရင်ဟိုကို အက်ဖ်အေက စွဲချက်နှစ်ခုတင်လိုက်တာ ဖြစ်ပြီး ဒဏ်ငွေပေါင်ငါးသောင်းလည်း ဆောင်ခဲ့ရပါတယ်။

play

 

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် အက်ဖ်အေက မန်ယူအသင်းနည်းပြ မော်ရင်ဟိုကို စွဲချက်နှစ်ခုတင်လိုက်ပြီးနောက်မှာ  တစ်ပွဲပယ် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရပါတယ်။ မော်ရင်ဟို ကွင်းဘေးမှာ အသင်းကို ညွှန်ကြားခွင့် တစ်ပွဲပိတ်ခံရမှာ ဖြစ်တဲ့အပြင် ဒဏ်ငွေပေါင်ငါးသောင်းလည်း ပေးဆောင်ရမှာပါ။

play

 

ဒီပွဲပယ်ပြစ်ဒဏ်ကြောင့် မန်ယူအသင်းနည်းပြမော်ရင်ဟိုဟာ လာမယ့်တစ်ပတ် ဆွမ်ဆီးအသင်းနဲ့ ပွဲစဉ်မှာ ပွဲကြည့်စင်နဲ့သာ မန်ယူအသင်းပွဲကို ကြည့်ရတော့မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကျော်က ကစားခဲ့တဲ့ လီဗာပူးအသင်းနဲ့ပွဲစဉ်မတိုင်ခင်မှာ ကွင်းလယ်ဒိုင်တေလာနဲ့ပတ်သက်ပြီး အငြင်းပွားဖွယ် မှတ်ချက်ပြောကြားခဲ့တဲ့မော်ရင်ဟိုကို အက်ဖ်အေက ပထမဆုံးစွဲချက်တင်ခဲ့ပါတယ်။ နောက်တစ်ပတ်ဘန်လေနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်မှာလည်း စောဒက တက်လွန်းတဲ့မော်ရင်ဟိုကို ပွဲကြည့်စင်ပေါ် တက်ကြည့်ဖို့ ကွင်းလယ်ဒိုင် ညွှန်ကြားခဲ့ပါတယ်။

play

 

အဲဒီစွဲချက်နှစ်ခုကြောင့် မော်ရင်ဟိုဟာ တစ်ပွဲပယ်ပြစ်ဒဏ်ကျခံလိုက်ရတာဖြစ်ပါတယ်။ နည်းစနစ်ဧရိယာအတွင်း ဝင်ခွင့်မရပေမဲ့ ပွဲမကစားခင် လေ့ကျင့်ခန်း ဆင်းတဲ့အချိန်နဲ့ ပထမပိုင်းပြီးတဲ့အချိန်တွေမှာ အသင်းနဲ့တွေ့ဆုံခွင့် ရမှာဖြစ်ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ