EPL: စပါးနှင့်ပွဲအမီ အာဆင်နယ်တွင် အဓိက ကစားသမားလေးဦး ဒဏ်ရာမှ သက်သာလာ

စပါးနဲ့ အာဆင်နယ်ရဲ့ မြောက်လန်ဒန်ဒါဘီကိုလာမယ့် တနင်္ဂနွေနေ့မှာ ရင်ဆိုင်ကြမှာပါ။

play

 

လာမယ့် တစ်ပတ်ရင်ဆိုင်ရမယ့် စပါးအသင်းနဲ့ပွဲအမီ အာဆင်ယန်ကစားသမား လေးဦး ဒဏ်ရာက ပြန်လည်သက်သာလာခဲ့ကြောင်း သိရပါတယ်။

တနင်္ဂနွေနေ့မှာ အာဆင်နယ်အသင်းနဲ့ စပါးအသင်းရဲ့ မြောက်လန်ဒန်ဒါဘီကို ယှဉ်ပြိုင်ကြရမှာဖြစ်ပါတယ်။ အာဆင်နယ်အသင်း အဓိက ကစားသမားတွေဖြစ်တဲ့ ဝဲလ်ကော့၊ ဘယ်လာရင်၊ မွန်ရီရဲလ်နဲ့ ကာဇိုလာတို့က လာမယ့်တစ်ပတ် စပါးအသင်းနဲ့ပွဲစဉ်မှာ ပြန်လည်ပါဝင်နိုင်တော့မှာ ဖြစ်ပါတယ်။

play
လူဒိုဂိုရက်စ်နှင့်ပွဲတွင် ပွဲထွက်လာသည့် ဂျီရုဒ်

 

ကွင်းလယ်ကစားသမား ကာဇိုလာဆိုရင် အာဆင်နယ်အသင်း ပွဲစဉ်တွေကို လွဲချော်တာ လေးပွဲတောင် ရှိပြီဖြစ်ပါတယ်။ အခုပြန်ပါလာကြမယ့် ကစားသမားလေးဦးဟာ ချန်ပီယံလိဂ်ပွဲစဉ်မှာ ကြံ့ခိုင်မှု မပြည့်လို့ အနားပေးထားခဲ့ရသူတွေဖြစ်ပါတယ်။ ဘယ်လာရင်က အစောပိုင်းမှာ ဒဏ်ရာကင်းနေခဲ့ပေမဲ့ လူဒိုဂိုရက်စ်နဲ့ပွဲမတိုင်ခင် လေ့ကျင့်ခန်းဆင်းရာမှာ မတော်တဆ တစ်ခုဖြစ်ခဲ့လို့ လွဲချော်သွားတာပါ။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ