EPL: ဝက်စ်ဟမ်းတိုက်စစ်မှူး ကာရိုးလ်သေနတ်ဖြင့်ချိန်ပြီး ဓားပြတိုက်ခံခဲ့ရ

ကာရိုးလ်ကို ပြန်ပေးဆွဲဖို့ ကြိုးစားတာလည်း ဖြစ်နိုင်ကြောင်း အများက ယူဆထားပါတယ်။

play

 

ဝက်စ်ဟမ်းအသင်းတိုက်စစ်မှူး အင်ဒီကာရိုးလ်ဟာ အသင်းလေ့ကျင့်ရေးကွင်းကနေ အိမ်ကိုအပြန်လမ်းမှာ ဓားပြတိုက်ခံခဲ့ရကြောင်း သိရပါတယ်။

play

 

အကြမ်းဖက်စီးနင်းခဲ့သူတွေဟာ ကားနဲ့ အိမ်ပြန်လာတဲ့ ကာရိုးလ်ကို လမ်းမှာ စောင့်ကာ ဓားပြတိုက်ခြင်း သို့မဟုတ် ပြန်ပေးဆွဲဖို့ ကြံရွယ်ခဲ့တာလို့ သိရပါတယ်။ ချိဂ်ဝဲလ် မြို့ငယ်လေးအနီး လမ်းဆုံတစ်ခုရောက်တဲ့အခါ ဆိုင်ကယ်စီးလူနှစ်ဦးက ကားရှေ့ကနေ ပိတ်ရပ်ပြီး သေနတ်နဲ့ ခြိမ်းခြောက်ခဲ့တာလို့ ပြောပါတယ်။ သေနတ်ပြပြီးနောက် ကာရိုးလ်ကို ကားပေါ်ကဆင်းခိုင်းခဲ့တာဖြစ်ပါတယ်။

play

 

ဒါပေမဲ့ ပေါင်တစ်သိန်းတန် မာစီဒီး ကားကို မောင်းနှင်လာတဲ့ တိုက်စစ်မှူး ကာရိုးလ်ဟာ လွတ်မြောက်အောင် စွမ်းဆောင်နိုင်ခဲ့ပြီး အိမ်ကိုမပြန်တော့ဘဲ ဝက်စ်ဟမ်းအသင်းကိုသာပြန်လာခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် ဓားပြတိုက်ဖို့ ကြိုးစားခဲ့သူတွေအတွက် ရဲကို အကြောင်းကြားခဲ့ကြောင်းသိရပါတယ်။

အဖြစ်အပျက်ကြုံတွေ့ရပြီးနောက် ဝက်စ်ဟမ်းအသင်းကို ပြန်ရောက်လာချိန်မှာ ကာရိုးလ်ဟာ တုန်လှုပ်ခြောက်ခြားနေခဲ့တယ်လို့ မျက်မြင်တွေ့ခဲ့သူတစ်ဦးက ပြောပါတယ်။ ဝက်စ်ဟမ်းကလည်း ဒီအဖြစ်အပျက်ကို အတည်ပြုပေးခဲ့ပါတယ်။ ရဲတပ်ဖွဲ့ကတော့ ဒါဟာ ပစ်မှတ်ထားပြီး တိုက်ခိုက်တာဖြစ်နိုင်ကြောင်း ယူဆထားရပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ