EPL: အဆင့်မြင့် ဘောလုံးစွမ်းရည် ပြသခဲ့တဲ့ မော်ရင်ဟို

မော်ရင်ဟိုက မန်ယူကစားသမားတွေနဲ့အပြိုင် ဘောလုံးစွမ်းရည် ပြနိုင်နေဆဲ ပါ။

play

 

မန်ယူအသင်းနည်းပြ မော်ရင်ဟိုဟာ ဘောလုံးသမားဘဝမှ အောင်မြင်တဲ့ ကစားသမားတစ်ယောက် မဟုတ်ခဲ့ပေမဲ့ ဘောလုံးစွမ်းရည်ပိုင်းမှာ ထိပ်တန်းအဆင့်ရှိနေဆဲဆိုတ သက်သေပြနိုင်ခဲ့ပါတယ်။

play

 

ဖီနာဘာချီနဲ့ ကစားဖို့ တူရကီရောက်နေတဲ့ မန်ယူအသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ မော်ရင်ဟိုက အခုလို ဘောလုံးစွမ်း ရည်ပြသနိုင်ခဲ့တာပါ။ ကစားသမားတွေရောက်မလာသေးခင်မှာ မော်ရင်ဟိုနဲ့ နည်းပြအဖွဲ့ဝင်တွေဟာ ဘောလုံးကို ဂိုးဘားတန်း ထိအောင်ကန်ဖို့ စိန်ခေါ်ခဲ့ကြတာပါ။ ဒါပေမဲ့ မော်ရင်ဟိုဟာ တစ်ကြိမ်တည်းနဲ့တော့ ဘားတန်းထိအောင် ကန်နိုင်ခဲ့တာမဟုတ်ပါဘူး။ လေးငါးကြိမ်လောက် ကြိုးစားပြီးမှ ဘားတန်းထိအောင် ကန်နိုင်ခဲ့တာဖြစ်ပါတယ်။

မန်ယူအသင်းနဲ့ အတူ ပရိသတ်တွေ ကျေနပ်လောက်တဲ့အထိ ရလဒ်ကောင်းအောင် မစွမ်းဆောင်နိုင်သေးပေမဲ့ ဘောလုံးစွမ်းရည်ကိုတော့ မော်ရင်ဟို ပြသနိုင်ဆဲ ဖြစ်ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ