EPL: လက်ရှိရာသီ ပရီးမီးယားလိဂ် အကောင်းဆုံး ကွင်းလယ် ကစားသမားများ

အကောင်းဆုံးကွင်းလယ်ကစားသမားဟာ မန်စီးတီးကမဟုတ်သလို အာဆင်နယ်ကစားသမား အိုဇေးလ်လည်း မဟုတ်ပါဘူး။

play

 

လက်ရှိ ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ အကောင်းဆုံးကွင်းလယ်ကစားသမား စာရင်းကို EA Sports က ထုတ်ပြန်ကြေညာရာမှာ ပရိသတ်အများစု အံ့အားသင့်ခဲ့ကြရပါတယ်။ လက်ရှိမှာ ခြေစွမ်းပြနေတယ်လို့ ယူဆရတဲ့ အာဆင်နယ် ကစားသမား အိုဇေးလ်ဟာ အကောင်းဆုံးကွင်းလယ်ကစားသမား စာရင်းထဲ မပါခဲ့သလို အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ မန်စီးတီးအသင်းက ကွင်းလယ်ကစားသမားတွေလည်း အကောင်းဆုံး ကွင်းလယ်လူ မဖြစ်ခဲ့ပါဘူး။

play

 

ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ ပြီးတဲ့အချိန်ထိ တွက်ချက်ထားတဲ့ စာရင်းဇယားတွေအရ လီဗာပူးအသင်း ကွင်းလယ်ကစားသမား အကောင်းဆုံး ကစားသမားဖြစ်နေပါတယ်။ ဟန်ဒါဆင်ဟာ ဒီရာသီမှာ အသင်းအတွက် ၈၈၄ မိနစ် ကစားထားပြီး စုစုပေါင်း ဘောလုံးပေးပို့မှု အကြိမ်ရေ ၈၃၀ ရှိပါတယ်။ ဒါဟာ ပရီးမီးယားလိဂ်ကွင်းလယ်ကစားသမားတွေထဲမှာ ဘောလုံးပေးပို့မှု အကြိမ်ရေ အများဆုံးဖြစ်ပါတယ်။

play

 

မန်စီးတီးစကားသမား ဖာနန်ဒင်ဟို မိနစ် ၉၀၀ ကစားထားပြီး ဘောလုံးပေးပို့မှု အကြိမ်ရေ ၇၃၃ ကြိမ်ရှိပါတယ်။ လက်စတာအသင်း ကစားသမား ဒရင့်ခ်ဝါးတားနဲ့ ချလ်လ်ဆီးကစားသမားကန်တေတို့က တတိယနဲ့ စတုတ္ထနေရာမှာ ရှိပါတယ်။  အကောင်းဆုံး ကွင်းလယ်ကစားသမား ၁၀ ဦးစာရင်းထဲမှာ မန်ယူကစားသမား ပေါ့ဂ်ဘာလည်း ပါဝင်ခဲ့ပြီး ဘောလုံးပေးပို့မှု အကြိမ်ရေ ၆၃၀ ရှိကာ အောင်မြင်မှု ၇၀ ရာခိုင်နှုန်းရှိပါတယ်။

play

 

ထူးထူးခြားခြား ချယ်လ်ဆီး ခံစစ်ကစားသမား အက်ဇ်ပီလီကွယ်တာက ဘောလုံးပေးပို့တာ အောင်မြင်မှု အကြိမ်ရေ ၅၉၄ ကြိမ် ရှိခဲ့ပြီး အောင်မြင်မှု ၅၉.၄ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။

play

 

Source  : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ