EPL: နည်းပြထုတ်ထားတဲ့ စည်းကမ်းကို ချိုးဖောက်ပြီး ကျပ်သိန်းသုံးထောင်ကျော်တန် ဇိမ်ခံကား ဝယ်စီးလိုက်တဲ့ စတာလင်

စတာလင်ဟာ ဂွါဒီယိုလာ စီးတဲ့ ကားပုံစံကို ထုတ်ပြီးစီးနင်းမောင်းနှင်လိုက်တာပါ။

play

 

မန်စီးတီးအသင်း ကစားသမား စတာလင်ဟာ နည်းပြဂွါဒီယိုလာရဲ့ စည်းကမ်းကို ဆန့်ကျင်ပြီး စတာလင်ပေါင် နှစ်သိန်းတန် ဘန်တလေကားနဲ့ အပြင်ထွက်ခဲ့ကြောင်း သိရပါတယ်။

play

 

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက အသင်းကစားသမားတွေကို တန်ဖိုးအလွန်ကြီးမားတဲ့ ဇိမ်ခံကားတွေ စီးနင်းမောင်းနှင်ကြခြင်း မပြုလုပ်ဖို့ တားမြစ်ထားသူဖြစ်ပါတယ်။ ပိုဆိုးတာက စတာလင်မောင်းနှင်တဲ့ ဘန်တလေ ဇိမ်ခံငွေရောင်ကားဟာ မြန်မာငွေ ကျပ်သိန်း သုံးထောင့်နှစ်ရာ ဝန်းကျင်ရှိပြီး နည်းပြဂွါဒီယိုလာရဲ့ ကားနဲ့ တစ်ပုံစံတည်း ဆင်တူနေတာဖြစ်ပါတယ်။

play

 

နည်းပြချမှတ်ထားတဲ့ စည်းကမ်းကို ချိုးဖောက်တဲ့အပြင် ထပ်တူကျတဲ့ကားကိုပါစီးနင်းခဲ့တဲ့ စတာလင်ကို ဂွါဒီယိုလာကတော့ သိပ်ကြည်လင်မှာမဟုတ်ပါဘူး။ ဒီရာသီမှာ မန်စီးတီးအသင်းရဲ့ တိုက်စစ်မှာ အရေးပါတဲ့ ကစားသမားဖြစ်နေတဲ့ စတာလင်ကို ကြာသပတေးနေ့က အဆိုပါ ဇိမ်ခံကားနဲ့ တွေ့ခဲ့ရတာဖြစ်ပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ