EPL: လက်ပါတဲ့ အီဗရာဟီမိုဗစ်ခ်ျ အရေးယူခံရဖွယ်ရှိ

ပြိုင်ဘက်ကစားသမားအပေါ် ကိုယ်ထိလက်ရောက်ကျူးလွန်ဖို့ ကြိုးစားခဲ့တာပါ။

play

 

ဖီနာဘာချီအသင်းနဲ့ ယူရိုပါလိဂ် ပြိုင်ပွဲမှာ ပြိုင်ဘက်ကစားသမားကို ကိုယ်ထိလက်ရောက် ကျူးလွန်ဖို့  ကြိုးပမ်းခဲ့တဲ့ အီဗရာဟီမိုဗစ်ခ်ျဟာ ယူအီးအက်ဖ်အေရဲ့ အရေးယူမှုကို ခံရဖွယ်ရှိနေကြောင်း သိရပါတယ်။

play

 

ဖီနာဘာချီပွဲစဉ် ပွဲထွက်စာရင်း အီဗရာဟီမိုဗစ်ခ်ျ မပါဝင်ခဲ့ပေမဲ့ ဒဏ်ရာကြောင့် လူစားလဲလိုက်ရတဲ့ ပေါ့ဂ်ဘာ နေရာကို အစားထိုးဝင်ရောက်လာတာ ဖြစ်ပါတယ်။ အဒီနောက် ဖီနာဘာချီကစားသမား ရှီမွန်ခဲရ် နဲ့ အီဗရာဟီမိုဗစ်ခ်ျဟာ ကွင်းနံဘေးမှာ ခေတ္တအချင်းများခဲ့တဲ့ အချိန်မှာ မိုဗစ်ခ်ျက ရှီမွန်ခဲရ်ရဲ့ လည်ပင်းကို ဖမ်းဆုပ်လိုက်တာဖြစ်ပါတယ်။

play

 

ပြိုင်ဘက်ကို ကိုယ်ထိလက်ရောက်ကျူးလွန်ပေမဲ့ မိုဗစ်ခ်ျကို ကွင်းလယ်ဒိုင်က အရေးမယူခဲ့ပါဘူး။ နည်းပြမော်ရင်ဟိုက ပွဲပယ်ခံထားရတာ ဖြစ်တဲ့အတွက် ဆွမ်ဆီးနဲ့ ပွဲစဉ်ကျရင် ကွင်းဘေးမှာ မော်ရင်ဟို ရှိနေမှာ မဟုတ်ပါဘူး။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ