EPL: မန်ယူကစားသမား ရှစ်ဦး ထုတ်ရောင်းသွားမည်ဟု သတင်းထွက်

ကစားသမား ရှစ်ဦးကို လာမယ့် ဇန်နဝါရီနဲ့ နွေရာသီ ဈေးကွက်မှာ ထုတ်ရောင်းဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

play

 

မန်ယူအသင်းဟာ လာမယ့်  ဇန်နဝါရီအပြောင်းအရွှေ့နဲ့ နွေရာသီဈေးကွက်အတွင်းမှာ လက်ရှိအသင်းကစားသမား ရှစ်ဦးခန့်ကို ထုတ်ရောင်းဖို့ စီစဉ်နေကြောင်း သိရပါတယ်။ အချို့ကိုတော့ အငှားနဲ့သာ ပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။

play

 

မော်ရင်ဟို ရောက်လာပြီးနောက် အသင်းကြီးနဲ့အတူတောင် လေ့ကျင့်ခန်း ဆင်းခွင့်မရခဲ့တဲ့ ရှဝိန်းစတိုင်ဂါအပြင်၊ ရိုဟို၊ ဒါမီိယန်တို့ကို မန်ယူအသင်း ရောင်းချသွားဖို့ သေချာနေတယ်လို့ သိရပါတယ်။ အခြား ကစားသမားတွေဖြစ်တဲ့ ဖီးလ်ဂျုံးစ်နဲ့ မိုက်ကယ်ကာရစ်တို့ အနာဂတ်လည်း မသေချာတော့ဘူးလို့ ဗြိတိန်သတင်းစာတွေက ယနေ့ဖော်ပြထားပါတယ်။

play

 

အက်ရှ်လေယန်၊ ဒီပေးနဲ့ ရှနိုက်ဒါလင်တို့ကိုတော့ ဒီနှစ်အခြေအနေ စောင့်ကြည့်ပြီး အံမဝင်ခဲ့ရင် လာမယ့် နွေရာသီမှာ ထုတ်ရောင်းသွားဖွယ် ရှိပါတယ်။ ဒါ့အပြင် မန်ယူအသင်းနောက်ခံအားဖြည့်ဖို့ အသလက်တီကိုအသင်းက ဂိုဒင်ကို ခေါ်ယူဖို့လည်း ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ