AD
AD
AD
play

 

အာဆင်နယ်အသင်း တစ်သင်းလုံးဟာ ဒီနှစ်ဘောလုံးရာသီမှာ ခါတိုင်းနှစ်တွေထက် အမှတ်ပေးချန်ပီယံဖြစ်ဖို့ ပိုပြီးဆာလောင်နေကြကြောင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။

play

 

ဒီနှစ်မှာ အသင်းသားတွေရဲ့ အမှတ်ပေးချန်ပီယံဖြစ်ချင်စိတ် ပိုပြီးပြင်းပြနေတာကိုက ရလဒ်တွေကောင်းနေရတဲ့ အဓိက အကြောင်းပြချက် ဖြစ်ကြောင်း ဆန်းချက်ဇ်က ပြောခဲ့တာပါ။ ကစားပွဲတိုင်းကို နောက်ဆုံးဗိုလ်လုပွဲလို သဘောထားပြီး ကစားနေကြကြောင်းလည်း ဆန်းချက်ဇ်က ပြောပါတယ်။ အာဆင်နယ်အသင်းဟာ အခုတနင်္ဂနွေနေ့မှာ စပါးအသင်းနဲ့ လန်ဒန်ဒါဘီပွဲ နွှဲရမှာဖြစ်ပါတယ်။

play

 

ပြီးခဲ့တဲ့နှစ်က လက်စတာ ချန်ပီယံဖြစ်ခဲ့တဲ့အချိန် ရာသီသိမ်းတဲ့အခါ အာဆင်နယ်က အဆင့်-၂ နေရာနဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။ မနှစ်ကထက် ဒီနှစ်အချိန်မှာ ကစားသမားအားလုံး ချန်ပီယံဖြစ်ဖို့ အာရုံစိုက်ထားကြတယ်လို့ ဆန်းချက်ဇ်က ဆိုပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD