EPL: နိုင်ပွဲပျောက်ပြီးနောက် အဆင့်-၁ နေရာက ဖယ်ပေးရဖွယ် ရှိနေတဲ့ မန်စီးတီး

အဂူရိုဂိုးသွင်းနိုင်ခဲ့ပေမယ့် မန်စီးတီးတော့ နိုင်ပွဲပျောက်ခဲ့ပါတယ်။

play

 

မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၁ မှာ နိုင်ပွဲပျောက်သွားခဲ့ပြီး သရေတစ်မှတ်နဲ့သာ ကျေနပ်လိုက်ရပါတယ်။ ရမှတ် နှစ်မှတ် ဆုံးရှုံးသွားတာကြောင့် ဒီတစ်ပတ် ပွဲစဉ်တွေပြီးဆုံးသွားတဲ့အခါ မန်စီးတီးဟာ အဆင့်-၁ နေရာက ဖယ်ပေးရဖို့ အလားအလာရှိနေပါပြီ။

play

 

ဧည့်သည့် မစ်ဒယ်ဘရော့အသင်းက တိုက်စစ်မှာ ဒေါင်းနင်း၊ နီဂရီဒိုနဲ့ပွဲထွက်ခဲ့ပြီး မန်စီးတီးက အဂူရို၊ ဆေးလ်ဗား၊ ဒီဘရိုင်းတို့နဲ့ လူစုံထုတ်ပွဲထွက်စေခဲ့ပါတယ်။ မန်စီးတီးအသင်းကို ဂိုးမပေးရဖို့ အဓိကရည်ရွယ်ချက်နဲ့ အယ်တီဟက်ကွင်းကို လာရောက်ကစားခဲ့တဲ့ မစ်ဒယ်ဘရော့ရဲ့ ကစားကွက်  အလုပ်ဖြစ်ခဲ့ပါတယ်။ ကွင်းလယ်မှာ ငါးယောက်ထားကစားပြီး ရှေ့မှာ နီဂရီဒိုတစ်ဦးတည်း အထောင်ကစားခဲ့တဲ့ မစ်ဒယ်ဘရော့ကစားကွက်ဟာ ထိရောက်ခဲ့တာပါ။

play

 

မန်စီးတီး ဘောလုံးကိုင်ကစားပြီး ဂိုးရဖို့ စိတ်ရှည်ရှည်ထားကာ ကစားကွက်ကိုပုံဖော်ခဲ့ပါတယ်။ ပထမပိုင်းမပြီးခင် နှစ်မိနစ်လောက် အလိုမှာ မန်စီးတီး အဖွင့်ဂိုးရသွားပါတယ်။ ညာခြမ်းက ဒီဘရိုင်း ဂိုးရှေ့ဖြတ်ပို့လိုက်တဲ့ ဘောလုံးကို အဂူရိုက အလိုက်သင့် ပိတ်သွင်းလိုက်လို့ ဂိုးရခဲ့တာပါ။

play

 

ဒုတိယပိုင်းမှာလည်း မစ်ဒယ်ဘရော့အသင်းက ဂိုးထပ်မပေးရဖို့ ပိတ်ကစားခဲ့ပြီး တန်ပြန်တိုက်စစ်နဲ့သာ ခြိမ်းခြောက်ခဲ့ပါတယ်။ ဒုတိယဂိုးမရတဲ့ အရသာကိုပွဲပြီးခါနီးမှာ မန်စီးတီး ခံစားလိုက်ရပါတယ်။

play

 

မစ်ဒယ်ဘရော့ ကစားသမား ဖရန့်ဘယ်ခြမ်းက ဖြတ်တင်လိုက်တဲ့ ဘောလုံးကို မာတင်ဒေရွန်းက ခေါင်းတိုက်သွင်းယူလိုက်တာပါ။ ဒီဂိုးကြောင့် မန်စီးတီး နိုင်ပွဲပျောက်ခဲ့ရပါတယ်။

play

 

တစ်ဖက် ပွဲစဉ်တွေမှာတော့ ဆန်းဒါးလန်း နိုင်ပွဲတွေ့ခဲ့ပြီး ဘန်လေကလည်း ခရစ္စတယ်ပဲလေ့စ်ကို ၃-၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

Source : Flashscore

Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ