EPL: အဲဗာတန်ကို ငါးဂိုးသွင်းပြီး အမှတ်ပေးဇယား ထိပ်ဆုံး ရောက်လာတဲ့ ချယ်လ်ဆီး

, updated

ချယ်လ်ဆီးအတွက် ဟာဇက်က ဒီပွဲမှာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

play

 

စနေည နောက်ဆုံး ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းက အဲဗာတန်ကို ဂိုးပြတ်အနိုင်ရပြီးနောက် အမှတ်ပေးဇယားကို ထိပ်ဆုံးနေရာကို ရောက်လာခဲ့ပါတယ်။

အဲဗာတန်က ဘာကလေ၊ အိုဗီဒူး၊ ဘိုလာဆီ၊ လူကာကူတို့နဲ့ပွဲထွက်ခဲ့ပြီး ချယ်လ်ဆီးက ကော်စတာ၊ ဟာဇက်၊ ပက်ဒရိုတို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပွဲစပြီး ၁၉ မိနစ်မှာတင် ချယ်လ်ဆီး အဖွင့်ဂိုး ရပါတယ်။

play

 

ပေါ့ဆတဲ့ အဲဗာတန်နောက်တန်း ကစားသမားနှစ်ဦးကို ဟာဇက်က ခြေယောင်ပြပြီး ဂိုးထောင့်ထဲ သွင်းယူနိုင်ခဲ့တာပါ။

play

 

နောက်ထပ် တစ်မိနစ်အကြာမှာတင် ချယ်လ်ဆီးနောက်တစ်ဂိုးထပ်ရပါတယ်။ ဟာဇက်က ကွင်းလယ်က  ဘောလုံးဆွဲယူလာပြီး ပက်ဒရိုကို ပေးလိုက်ရာမှာ ပက်ဒရိုက ဘောလုံးကို ဂိုးရှေ့ပြန်ချပေးခဲ့ပါတယ်။ ရှေ့ရောက်လာတဲ့ ဘောလုံးကို အလွန်ဆိုက ပိတ်သွင်းယူခဲ့တာပါ။

play

 

ဒီနေ့မှာ ချယ်လ်ဆီးအသင်း ကစားကွက်တည်ခင်းပုံ ကောင်းမွန်ပြီးအမှားနည်းခဲ့ပါတယ်။ ၄၂ မိနစ်မှာ ထောင့်ကန်ဘောကတစ်ဆင့် မာတစ်ခေါင်းတိုက်လို့ ကျလာတဲ့ ဘောလုံးကို ကော်စတာက ပိတ်သွင်းယူလိုက်တာပါ။

play

 

ဒုတိယပိုင်း ပြန်စပြီး နောက်ထပ် ၁၁ မိနစ်အကြာမှာ စတုတ္ထဂိုးကို ချယ်လ်ဆီး ရသွားပြန်ပါတယ်။ ပက်ဒရိုနဲ့ ဟာဇက် အပေးအယူလုပ်ပြီး ဟာဇက်က သွင်းယူသွားခဲ့တာပါ။ ချယ်လ်ဆီးအသင်းရဲက ခြေစွမ်းတည်ငြိမ်မှုနဲ့ ဂိုးကံကောင်းမှုကြောင့် ဒီနေ့ပွဲမှာ ဂိုးသွင်းမှုတွေဟာ တစ်ခါထိုးဖောက်ရင် တစ်ဂိုးနီးပါး ရသလောက်ဖြစ်နေခဲ့ပါတယ်။

play

 

၆၅ မိနစ်မှာ ချယ်လ်ဆီးအတွက် ငါးဂိုးမြောက်ဂိုးကို ပက်ဒရိုက သွင်းယူပေးခဲ့ပါတယ်။ တန်ပြန်တိုက်စစ်ကတစ်ဆင့် ရလာတဲ့ ဘောလုံးကို ဟာဇက်ကန်သွင်းရာမှာ ဂိုးသမားပုပ်ထုတ်လိုက်ပေမဲ့ ပက်ဒရိုက ပိတ်သွင်းယူသွားခဲ့ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ