EPL: လန်ဒန်ဒါဘီမှာ သရေကျခဲ့လို့ အမှတ်ပေးဇယား ထိပ်ကို မတက်လှမ်းနိုင်ခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်က ဂိုးအရင် ရခဲ့ပေမယ့် နိုင်ပွဲတော့ ရှာမတွေ့ခဲ့ပါဘူး။

play

 

အာဆင်နယ်အသင်းဟာ ဒီပွဲသရေကျခဲ့လို့ အမှတ်ပေးဇယားထိပ်ဆုံးတက်နိုင်မယ့်အခွင့်အရေးကို လက်လွှတ်ခဲ့ရပါတယ်။

အာဆင်နယ်အသင်းက ဒီပွဲမှာ ဒဏ်ရာကပြန်သက်သာလာတဲ့ ဂျီရုဒ်ကို အရန်စာရင်းမှာပဲ ထည့်ထားခဲ့ပြီးတိုက်စစ်မှာ ဆန်းချက်ဇ်၊ အီဝိုဘီ၊ ဝဲလ်ကော့နဲ့အိုဇေးလ်တို့ကိုထည့်သွင်းကစားခဲ့ပါတယ်။ စပါးကတော့ တိုက်စစ်မှာ ဟယ်ရီကိန်းပွဲထွက်လာပြီး ကွင်းလယ်မှာ ဆွန်ဟောင်မင်၊ အီရစ်ဆင်နဲ့ ဒမ်ဘီလီတို့ကို ပွဲထုတ်ခဲ့တာပါ။

play

 

ခြောက်မိနစ်မှာတင် ကိုကီလင်းကို အဖျက်ကြမ်းခဲ့တဲ့ ဝင်းမား အဝါကတ်ပြခံခဲ့ရပါတယ်။ အစပိုင်းမှာ အာဆင်နယ်အသင်း ပိုပြီး တိုက်စစ်ဆင်နိုင်တယ် ထင်ရပေမယ့် မိနစ် ၂၀ နားနီးလာတဲ့အချိန်မှာ စပါးအသင်းကလည်းပိုပြီး တိုက်စစ်အားပြုလာနိုင်ခဲ့ပါတယ်။

play

 

ဒီနေ့ လန်ဒန်ဒါဘီပွဲစဉ်ဟာ စပါးနောက်ခံလူ ကီဗင်ဝင်းမားအတွက် ကံဆိုးတဲ့ပွဲစဉ် ဖြစ်ခဲ့ပါတယ်။ ပွဲအစပိုင်းမှာ အဝါကတ် ပြခံခဲ့ရတဲ့အပြင် ၄၂ မိနစ်မှာ စပါးအသင်း နောက်ခံလူ ခေါင်းတိုက်ဖြတ်ထုတ်မှု လွဲချော်ပြီး ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့ပါတယ်။

play

 

အိုဇေးရဲ့ အလွတ်တည်ကန်ဘောကို ခေါင်းတိုက်ရှင်းထုတ်ရင်းကတဆင့် ဂိုးပေးလိုက်ရတာပါ။

၅၁ မိနစ်မှာတော့ စပါးအသင်း ချေပဂိုးပြန်ရပါတယ်။ ဒမ်ဘီလီကို ကိုစီယန်နီ တွန်းလှဲသလို ဖြစ်ခဲ့လို့ ပင်နယ်တီပေးခဲ့ရတာပါ။ပင်နယ်တီကို ဟယ်ရီကိန်းက အမှားအယွင်းမရှိ ကန်သွင်းယူနိုင်ခဲ့ပါတယ်။

play

 

နောက်ပိုင်းမှာ ဘယ်အသင်းမှ ဂိုးထပ်မသွင်းနိုင်တော့လို့ သရေနဲ့သာ ပြီးဆုံးခဲ့ပါတယ်။

ှSource : BBC/ Flashscore

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ