EPL: မန်ယူဂိုးပြတ် အနိုင်ရပြီး လီဗာပူးက အမှတ်ပေးဇယား ထိပ်ဆုံးကို ရောက်လာ

ပွဲစပြီး ၁၅ မိနစ်အကြာမှာတင် မန်ယူအသင်းအတွက် အဖွင့်ဂိုး ရခဲ့တာပါ။

play

 

အဝေးကွင်းမှာသွားရောက်ကစားခဲ့ရတဲ့ မန်ယူအသင်းက ဒီနေ့ပွဲစဉ်မှာ ဆွမ်ဆီးကို ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့်ပဲ မန်ယူအသင်းက အဆင့် - ၆ နေရာကို ပြန်လည်တက်လှမ်းလာနိုင်ခဲ့ပါတယ်။

ပွဲစပြီး ၁၅ မိနစ်အကြာမှာတင် မန်ယူအသင်းအတွက် အဖွင့်ဂိုး ရခဲ့တာပါ။ ရွန်နေးနဲ့ အီဗရာဟီမိုဗစ်ခ်ျ တွဲလုံးကတဆင့် ပေါ့ဂ်ဘာဆီ ဘောလုံးရောက်သွားခဲ့ပြီးပေါ့ဂ်ဘာက ဂိုးဧရိယာ အပြင်က အမှတ်မထင် ကန်သွင်းယူလိုက်တာ ဖြစ်ပါတယ်။

နောက်ထပ် ငါး မိနစ်အကြာမှာ မန်ယူအတွက် ဒုတိယဂိုး ထပ်ရခဲ့တာပါ။

play

 

ရွန်နေးပေးလိုက်တဲ့ ဘောလုံးကို အီဗရာဟီမိုဗစ်ခ်ျက ဂိုးဧရိယာအပြင်ဘက်က နေ ဂိုးထောင့်ထဲ သွင်းယူလိုက်တာ ဖြစ်ပါတယ်။

၃၃ မိနစ်မှာ မန်ယူအသင်းအတွက် တတိယဂိုး ထပ်ရခဲ့ပြန်ပါတယ်။ ဒီနေ့ပွဲမှာ ရခဲ့သမျှ ဂိုးတွေဟာ​ ရွန်နေးရဲ့ ကြိုးစားအားထုတ်မှုတဆင့် ရခဲ့တာတွေချည်း ဖြစ်ပါတယ်။ ရွန်နေး ဂိုးဧရိယာထိပ်က ပေးလိုက်တဲ့ ဘောလုံးကို အီဗရဟီမိုဗစ်ခ်ျက ခြေယောင်ပြပြီး ဘယ်ခြေနဲ့ သွင်းယူလိုက်တာ ဖြစ်ပါတယ်။

play

 

တစ်ဖက်မှာ လီဗာပူးအသင်းက ဝက်ဖို့ဒ်ကို ခြောက်ဂိုးသွင်းပြီး အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို ယူနိုင်ခဲ့ပါတယ်။ လီဗာပူးအသင်းအတွက် ဂိုးတွေကို ကော်တင်ဟို၊ မာနေး၊ ဖာမီနိုတို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

၆၉ မိနစ်မှာ ဆွမ်ဆီးအသင်းအတွက် ပထမဆုံး ဂိုး ပြန်ရခဲ့ပါတယ်။ အလွတ်တည်ကန်ဘောတဆင့် ဆစ်ဂါဆင် ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို ဗန်ဒါဟွန်းက သွင်းယူခဲ့တာဖြစ်ပါတယ်။

Source : Flashscore/ Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ