EPL: ယခု တစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်-၁၁ အပြီး လေ့လာစရာ အချက် (၅) ချက်

လီဗာပူးက ထိပ်ဆုံးကို ရောက်လာတဲ့ ရက်သတ္ဆပတ် ဖြစ်ခဲ့ပါတယ်။

play

 

ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေအပြီးမှာ အမှတ်ပေးဇယားထိပ်ပိုင်း အပြောင်းအလဲ ဖြစ်ခဲ့တာ တွေ့ရပါတယ်။ ဒီတစ်ပတ် ပွဲစဉ်တွေအပြီး ရလာတဲ့ လေ့လာစရာ အချက် (၅) ချက်ရှိပါတယ်။

၁။ ထိပ်ဆုံးက လီဗာပူး

play

 

လီဗာပူးအသင်းက ဝက်ဖို့ဒ်ကို ဂိုးပြတ်အနိုင်ရပြီးနောက် အမှတ်ပေးဇယးထိပ်ဆုံးကို ရောက်လာခဲ့ပါတယ်။ အာဆင်နယ်၊ မန်စီးတီးတို့ ခြေချော်မှုကို အခွင့်အရေး ယူနိုင်ခဲ့တာပါ။

၂။ ချန်ပီယံဆုကို စိန်ခေါ်လာတဲ့ ချယ်လ်ဆီး

play

 

အဲဗာတန်ကို ငါးဂိုးပြတ် အနိုင်ရပြီးနောက် ချယ်လ်ဆီးဟာ ချန်ပီယံပြိုင်ပွဲထဲမှာ အခြားအသင်းတွေရဲ့ အဓိကပြိုင်ဘက်ဖြစ်နေပြီဆိုတာ သက်သေပြလိုက်နိုင်ပါတယ်။ ချယ်လ်ဆီးရဲ့ ခြေစွမ်းဟာ မနှစ်ကထက်ပိုပြီး သိသိသာသာ တိုးတက်လာတာတွေ့ရပါတယ်။

၃။ အရေးပါနေဆဲ အဂူရို

play

 

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း အဂူရိုနဲ့ မန်စီးတီးအနာဂတ်က မရေမရာဖြစ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ မစ်ဒယ်ဘရော့နဲ့ ပွဲစဉ်မှာ အဂူရိုကြောင့်သာမဟုတ်ရင် မန်စီးတီး သရေတောင် ရဖို့ မလွယ်လောက်ပါဘူး။ အဂူရိုရဲ့ သွင်းဂိုးဟာ မန်စီးတီးနဲ့ ၂၂၅ ပွဲကစားခဲ့ရာမှာ သွင်းဂိုးက ၁၅၀ ဖြစ်လာခဲ့ပါပြီ။

၎။ အံဝင်လာတဲ့ပေါ့ဂ်ဘာ

play

 

ကွင်းလယ်မှာ မိုက်ကယ်ကာရစ်နဲ့ တွဲပေးလိုက်တဲ့အခါ ပေါ့ဂ်ဘာရဲ့ ခြေစွမ်းက ပိုပြီးတောက်ပလာတဲ့အပြင် သူဂျူဗင်တပ်မှာ ကစားခဲ့ရတဲ့ ပုံစံအတိုင်းဖြစ်လာခဲ့ပါတယ်။ ဒါကြောင့်ပဲ ရွန်နေးနဲ့ မိုဗစ်ခ်ျတို့ကို ကောင်းကောင်းအထောက်အပံ့ပေးနိုင်ခဲ့ပါတယ်။

၅။ ဟယ်ရီကိန်း ပြန်လာပြီ

play

 

ဒဏ်ရာကြောင့် စပါးအသင်းနဲ့ပွဲမထွက်နိုင်ခဲ့တာ ကြာပြီဖြစ်တဲ့ ဟယ်ရီကိန်းပြန် ကစားနိုင်ပြီဖြစ်ပါတယ်။ အာဆင်နယ်အသင်းနဲ့ လန်ဒန်ဒါဘီမှာ ပါဝင်ခဲ့ပေမဲ့ ကြံ့ခိုင်မှုတော့ သိပ်ပြည့်သေးပုံ မရပါဘူး။ ပင်နယ်တီဂိုးကိုတော့ အမှားအယွင်းမရှိ သွင်းနိုင်ခဲ့ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ