EPL: လီဗာပူး ရှေ့တန်းတိုက်စစ်မှူး သုံးဦးရဲ့ အံ့အားသင့်စရာ အချက်များ

ဒီရာသီ လီဗာပူးအသင်း ရလဒ်ကောင်းနေရတဲ့ အဓိက အားသာချက်ဟာ ဒီတိုက်စစ်မှူး သုံးဦးကြောင့် ဖြစ်ပါတယ်။

play

 

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ လီဗာပူးအသင်းက ဝက်ဖို့ဒ်ကို ၆-၁ ဂိုးနဲ့ အနိုင်ရပြီး အမှတ်ပေးဇယား ထိပ်ဆုံးကို ရောက်လာခဲ့ပါတယ်။ ဒီရာသီမှာ လီဗာပူးအသင်းမှာ အထူးခြားဆုံးက တိုက်စစ်မှူးသုံးဦးဖြစ်တဲ့ မာနေး၊ ကော်တင်ဟိုနဲ့ ဖာမီနိုတို့ပါ။

ဒီကစားသမားသုံးဦးရဲ့ အံ့သြစရာကောင်းတဲ့ စွမ်းဆောင်ရည်အချက်အလက်တွေကို အောက်ပါအတိုင်း တွေ့ရမှာပါ။

play

 

ကော်တင်ဟိုက နောက်ဆုံး  ခုနစ်ပွဲမှာ သုံးဂိုးသွင်းပြီး ငါးဂိုးဖန်တီးပေးထားနိုင်ပါတယ်။ ဆောက်သမ်တန် ကစားသမားဟောင်း မာနေးကတော့ လီဗာပူးနဲ့ နောက်ဆုံး ငါးပွဲမှာ လေးဂိုးအထိ သွင်းထားနိုင်ပါတယ်။

play

 

ဖာမီနိုကလည်း နောက်ဆုံး ခုနစ်ပွဲမှာ ငါးဂိုးအထိ သွင်းထားနိုင်ပြန်ပါတယ်။

ကော်တင်ဟိုက ဒီရာသီမှာ ၇၁ မိနစ်တိုင်း ဂိုးသွင်းရင်ဂိုးသွင်း ဒါမှမဟုတ် ဂိုးဖန်တီးပေးမှု ပြုလုပ်ပေးထားနိုင်တဲ့ ကစားသမားပါ။

play

 

၂၀၁၆ မကုန်ခင်မှာ လီဗာပူးက ပြိုင်ပွဲစုံ ဂိုးတစ်ရာ ပြည့်သွားခဲ့ပြီး ၁၀၀ ပြည့်ဂိုးကို ဖာမီနိုက သွင်းခဲ့တာပါ။ ၂၀၁၅ ခုနှစ်တုန်းက လီဗာပူးဟာ ၇၂ ဂိုးပဲ သွင်းနိုင်ခဲ့ပါတယ်။

play

 

၂၀၁၆ မှာ လီဗာပူးတိုက်စစ်မှူး ဖာမီနိုထက် ဂိုးသွင်များတဲ့ ပရီးမီးယားလိဂ် ကစားသမားက လေးဦးသာရှိပြီး အဂူရို၊ ဟယ်ရီကိန်း၊ ကော်စတာနဲ့ ဒီဖိုးတို့ ဖြစ်ပါတယ်။

play

 

မာနေးက လီဗာပူးနဲ့ ပွဲထွက်လာတာ ၁၀ ပွဲသာ ရှိပါသေးတယ်။ ကစားခဲ့တဲ့ ဆယ်ပွဲမှာ ရှစ်ပွဲကို ဂိုးသွင်းရင်သွင်း၊ ဒါမှမဟုတ် ဂိုးဖန်တီးမှု အမြဲပြုလုပ်ပေးနိုင်ခဲ့တာပါ။

Source : Mirror

ယခုနှစ် ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် လီဗာပူး ချန်ပီယံဖြစ်မည်ထင်ပါသလား ?»

  • 69,0% ထင်ပါသည်။
  • 31,0% မထင်ပါ။
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ