EPL: ယခုတစ်ပတ် အကောင်းဆုံး ပရီးမီးယားလိဂ် ကစားသမား (၁၁) ဦး

ယခုတစ်ပတ် ခြေစွမ်းပြခဲ့ကြတဲ့ ကစားသမားတွေဖြစ်ပါတယ်။

play

 

ချယ်လ်ဆီးနဲ့ လီဗာပူး၊ မန်ယူတို့ အောင်ပွဲခံခဲ့ကြတဲ့ ပရီးမီးယားလိဂ်ရက်သတ္တပတ် ပြီးဆုံးခဲ့ပြန်ပြီဖြစ်ပါတယ်။ ယခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ခြေစွမ်းပြခဲ့ကြတဲ့အကောင်းဆုံး ကစားသမား ၁၁ ဦးစာရင်းထွက်ပေါ်လာပါပြီ။

၁။ ဂျော်ဒန်ပစ်ဖို့ဒ် (ဆန်းဒါးလန်း)

play

 

ဆန်းဒါးလန်းဂိုးသမား ဂျော်ဒန်ပစ်ဖို့ဒ်ရဲ့ စွမ်းဆောင်ရည်ကြောင့် ဆန်းဒါးလန်း ဒီတစ်ပတ် နိုင်ပွဲရခဲ့တာပါ။ စုစုပေါင်း ဘုန်းမောက်ရဲ့ကန်ချက် ခြောက်ကြိမ်ထက်မနည်းကို ကာကွယ်နိုင်ခဲ့ပါတယ်။

၂။ အလွန်ဆို (ချယ်လ်ဆီး)

play

 

ချယ်လ်ဆီးနောက်တန်းမှာ ဂိုးမပေးရဖို့ ခြေစွမ်းပြရုံသာမက ဂိုးတွေရဖို့လည်း ကူညီပေးနိုင်ခဲ့ပါတယ်။

၃။ ဒေါ်ဆင် (ဟားလ်စီးတီး)

play

 

ဟားလ်စီးတီးအသင်းအတွက် နိုင်ပွဲပျောက်ဆုံးနေမှုကို အဆုံးသတ်ရာမှာ နောက်ခံလူ ဒေါ်ဆင်ရဲ့အကူအညီများစွာရခဲ့ပါတယ်။ ပြိုင်ဘက်တိုက်စစ်မှူး အော်စတင်ရဲ့ ဂိုးပေါက်ကန်သွင်းချက်တွေဟာ ဒေါ်ဆင်ကြောင့် ပျက်ခဲ့ရပါတယ်။

၎။ ခ်မ္ဘာ (မစ္ဒယ္ဘေရာ့)

play

 

မစ်ဒယ်ဘရော့ကို နောက်ကျချေပဂိုး ပေးလိုက်ရလို့ သရေတစ်မှတ်သာ ရခဲ့ရတဲ့ အကြောင်းရင်းဟာ မန်စီးတီး တိုက်စစ်က တစ်ဂိုးသာ ရခဲ့လို့ဖြစ်ပါတယ်။ မန်စီးတီးလိုတိုက်စစ်ကို တစ်ဂိုးသာ ပေရအောင် ချမ်ဘာ စွမ်းဆောင်နိုင်ခဲ့တာပါ။

၅။ ဂတ်မန်ဆင် (ဘန်လေ)

play

 

အသင်းအတွက် ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲမှာ တစ်ဂိုးသွင်းပြီး နှစ်ဂိုးဖန်တီးပေးခဲ့တဲ့ ကွင်းလယ်ကစားသမားပါ။

၆။ မိုက်ကယ်ကာရစ် (မန်ယူ)

play

 

မန်ယူအနိုင်ရခဲ့တဲ့ပွဲမှာ ကာရစ်ရဲ့ ဘောလုံးပေးပို့မှုတွေက ၉၅ ရာခိုင်နှုန်းအထိ အောင်မြင်ခဲ့ပါတယ်။ ကာရစ်ကြောင့် ပေါ့ဂ်ဘာလည်း ကွင်းလယ်တိုက်စစ်ကို ကောင်းကောင်းလိုက်ပါနိုင်ခဲ့တာပါ။

၇။ ဒမ်ဘီးလ် (စပါး)

play

 

စပါးနဲ့ အာဆင်နယ် သရေကျခဲ့တဲ့ပွဲစဉ်မှာ ဒမ်ဘီးလ်ရဲ့ ကွင်းလယ်စွမ်းဆောင်ရည်ဟာ အာဆင်နယ်အတွက် အခက်တွေ့စေခဲ့ပါတယ်။ သူ့ကြောင့်ပဲ ပင်နယ်တီ ရခဲ့တာပါ။

၈။ စနော့ဒ်ဂရက်စ် (ဟားလ်စီးတီး)

play

 

၂၆ မိနစ်မှာ လူစားဝင်လာပြီးနောက် အသင်းနိုင်ပွဲရသွားလောက်အောင် ပွဲအဖြေကို ပြောင်းပေးနိုင်ခဲ့တာပါ။

၉။ ဟာဇက် (ချယ်လ်ဆီး)

play

 

အဲဗာတန်ကို ငါးဂိုးသွင်းခဲ့တဲ့ ချယ်လ်ဆီးတိုက်စစ်မှာ ဟာဇက်ခြေစွမ်းအပေါ်လွင်ဆုံး ဖြစ်ခဲ့ပါတယ်။

၁၀။ ကော်တင်ဟို (လီဗာပူး)

play

 

လီဗာပူးက ကော်တင်ဟို၊ ဖာမီနိုနဲ့ မာနေးတို့ တိုက်စစ်စွမ်းရည်ဟာ ပြိုင်ဘက်တွေအတွက် ကြောက်စရာ ကောင်းလာခဲ့ပါပြီ။

၁၁။ ရန်ဒန် (ဝက်စဘရွန်း)

play

 

လက်စတာကို ဝက်စဘရွန်းက အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ရန်ဒန်က ဂိုးမသွင်းနိုင်ခဲ့ပေမဲ့ ပြိုင်ဘက်ကို အခက်တွေ့အောင် လုပ်နိုင်ခဲ့ပါတယ်။ ရန်ဒန်ကို ဂရုစိုက်နေရတဲ့ လက်စတာနောက်တန်းကြောင့် အခြား ကစားသမားတွေ ဂိုးသွင်းခွင့် ရခဲ့တာပါ။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ