EPL: ပွဲပယ်ပြစ်ဒဏ်အတွက် ပရိသတ်များကို အီဗရာဟီမိုဗစ်ခ်ျ တောင်းပန်

မန်ယူအသင်း သူမပါဘဲ အကောင်းဆုံးကျော်ဖြတ်နိုင်မယ်လို့ အီဗရာဟီမိုဗစ်ခ်ျက ပြောပါတယ်။

play

 

ပွဲပယ်ပြစ်ဒဏ်ကြောင့် လာမယ့်တစ်ပတ် အာဆင်နယ်နဲ့ ပွဲစဉ်မှာ မပါဝင်နိုင်တော့တဲ့အတွက် အီဗရာဟီမိုဗစ်ခ်ျက ပရိသတ်တွေကို တောင်းပန်လိုက်ပါတယ်။

play

 

ပြီးခဲ့တဲ့တစ်ပတ် ဆွမ်ဆီးအသင်းကို အနိုင်ရတဲ့ပွဲစဉ်မှာ အီဗရာဟီမိုဗစ်ခ်ျက ဂိုးလည်းသွင်းနိုင်ခဲ့သလို အဝါကတ်လည်း အပြခံခဲ့ရပါတယ်။ ဒီရာသီမှာ အီရောဟီမိုဗစ်ခ်ျ ပြသခံရတဲ့ အဝါကတ် ငါးကြိမ်ပြည့်သွားပြီဖြစ်လို့ စည်းမျဉ်းအရ အနီးကပ်ဆုံး တစ်ပွဲကို လွဲချော်ရတာဖြစ်ပါတယ်။

play

 

" အင်္ဂလန် ဘောလုံးပွဲတွေက ခက်ခဲပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အားပြုကစားကြတာပါ။ ဒါပေမဲ့ စည်းမျဉ်းကိုတော့ ပရော်ဖက်ရှင်နယ်ပီသစွာ ကျွန်တော်လက်ခံရမှာပါ။ နောက်တစ်ပွဲလွဲသွားလို့ ကျွန်တော်တောင်းပန်ပါတယ်။ တကယ်ပဲ ကျွန်တော်ကစားချင်တာပါ" လို့ အီဗရာဟီမိုဗစ်ခ်ျက ဆိုပါတယ်။ ဒါပေမဲ့ မန်ယူအသင်းက သူမရှိဘဲ အကောင်းဆုံး ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ကြောင်း အီဗရာဟီမိုဗစ်ခ်ျက ဆိုပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ