EPL: စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် အာဆင်နယ် ကမ်းလှမ်းမည့် ကစားသမား

အာဆင်နယ်အသင်းအတွက် စံချိန်တင်ပြောင်းရွှေ့ကြေး ဖြစ်လာမှာပါ။

play

 

ဒေါ့မွန်အသင်း တိုက်စစ်ကစားသမား အော့ဘာမီယန်းကို အာဆင်နယ်အသင်းက စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းခဲ့တယ်လို့ သတင်းတွေထွက်လာပါတယ်။

play

 

လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ အော်ဘာမီယန်းကို ထပ်မံကမ်းလှမ်းဖို့ အာဆင်နယ်က အလွန်စိတ်ဝင်စားနေကြောင်း အီတလီအေးဂျင့်တစ်ဦးဖြစ်တဲ့  မိုရာဘီတိုက ပြောပါတယ်။ အော့ဘမီယန်းဟာ အာဆင်နယ်အသင်းအတွက် ပြောင်းရွှေ့ကြေး အများဆုံး ကစားသမားတစ်ဦး ဖြစ်လာဖွယ်ရှိပါတယ်။ အော့ဘာမီယန်းရဲ့ ပြောင်းရွှေ့ကြေးကို  ဒေါ့မွန်အသင်းဘက်က ပေါင်သန်း ၈၀ သတ်မှတ်ထားတာကြောင့်ပါ။

play

 

ဒါပေမဲ့ ဒေါ့မွန်အသင်းဘက်က အော့ဘာမီယန်းကို လက်ရှိမှာ ရောင်းချလိုခြင်းမရှိသေးကြောင်းလည်း အေးဂျင့်မိုရာဘီတိုက Daily Star သတင်းစာကို ပြောခဲ့ပါတယ်။ " လာမယ့်နွေရာသီမှာ အာဆင်နယ်က အော့ဘာမီယနိးကု ပေါင်သန်း ၈၀ လောက်နဲ့ ကမ်းလှမ်းခဲ့တာပါ။။ ဒေါ့မွန်ကတော့ ဒီကမ်းလှမ်းမှုကို ကြားချင်မှာ မဟုတ်ဘူး" လို့ အေးဂျင့်က ပြောပါတယ်။

ှSource : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ