EPL: မန်စီးတီး ခေါ်ယူရန် ပြင်နေသည့် ဘယ်လာရင်ကို အာဆင်နယ် စာချုပ်သစ် ချုပ်ဆို

ဘယ်လာရင်ကို ဘာစီလိုနာကလည်း ပြန်ခေါ်ဖို့ စိတ်ဝင်စားနေတာပါ။

play

 

မန်စီးတီးအသင်းနဲ့ ဘာစီလိုနာအသင်း ခေါ်ယူဖို့ ကြိုးစားနေတဲ့ ညာနောက်ခံ ကစားသမား ဘယ်လာရင်ကို အာဆင်နယ်အသင်းက စာချုပ်သက်တမ်း တိုးမြှင့်လိုက်ကြောင်း သိရပါတယ်။

play

 

ခြေစွမ်းပြနေတဲ့ ညာနောက်ခံကစားသမား ဘယ်လာရင်ဟာ စာချုပ်သစ်ကြောင့် တစ်ပတ်လုပ်ခလစာ ပေါင်တစ်သိန်းအထိ ရရှိလာတော့မှာ ဖြစ်ပါတယ်။ ခြောက်နှစ်စာချုပ်တန်ကြေးအရ စုစုပေါင်း ပေါင်သန်း ၃၀ တန်ကြေးရှိပြီး ဘယ်လာရင်အတွက် အပိုဆုကြေးခံစားခွင့်တွေလည်း ရရှိမှာဖြစ်ပါတယ်။ ဘယ်လာရင်ဟာ ဘာစီလိုနာ လူငယ်ကစားသမားဖြစ်ခဲ့ပြီး ပွဲထွက်ခွင့် ရဖို့ စောင့်ဆိုင်းနေရချိန်မှာ အာစင်ဝင်းဂါးက ခေါ်ယူခဲ့တာဖြစ်ပါတယ်။

play

 

အာဆင်နယ်အသင်းက အဓိက ကစားသမားတွေကို မဆုံးရှုံးစေဖို့အတွက် အခုအခါ အိုဇေးလ်နဲ့ ဆန်းချက်ဇ်ကိုလည်း ကာလရှည် စာချုပ်သစ်တစ်ရပ်ချုပ်ဆိုဖို့ ပြင်ဆင်လျက်ရှိပါတယ်။ အိုဇေးလ်က စာချုပ်သစ် ချုပ်ဖြစ်ခဲ့ရင် တစ်ပတ်လုပ်ခလစာ ပေါင်နှစ်သိန်း တောင်းဆိုထားတာကြောင့် ညှိနှိုင်းနေဆဲ ဖြစ်ပါတယ်။

Source : ESPN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ