EPL: တရုတ်စူပါလိဂ်တွင် လာရောက်ကစားရန် ကမ်းလှမ်းချက်များကို ရွန်နေးပယ်ချခဲ့

ရွန်နေးကို မန်ယူထက် မလျော့နည်းတဲ့ လစာငွေနဲ့ ကမ်းလှမ်းခဲ့တာပါ။

play

 

မန်ယူအသင်းနဲ့ အနာဂတ်မရေမရာ ဖြစ်နေတဲ့ အသင်းခေါင်းဆောင်ဝိန်းရွန်နေးက တရုတ်စူပါလိဂ် ကလပ်အသင်းတွေရဲ့ ကမ်းလှမ်းချက်ကို ပယ်ချခဲ့ကြောင်း သိရပါတယ်။

မန်ယူအသင်းကထွက်ခွာခဲ့မယ်ဆိုရင် ရွန်နေးက တရုတ်စူပါလိဂ် သို့မဟုတ် အမေရိကန် မေဂျာလိဂ်ပြိုင်ပွဲကို သွားရောက် ကစားဖွယ်ရှိတယ်ဆိုပြီး သတင်းတွေ ထွက်ခဲ့တာပါ။ ရွန်နေးကို ခေါ်ယူဖို့ ရှန်ဟိုင်းစူပါလိဂ်ကလပ် ဘေကျင်းဂူအမ်အသင်းကလည်း ကမ်းလှမ်းခဲ့သေးတယ်လို့ သိရပါတယ်။

play

 

ရွန်နေးရဲ့အေးဂျင့်ဖြစ်သူ ပေါလ်စထရက်ဖို့ဒ်ကတစ်ဆင့် ကမ်းလှမ်းခဲ့ပေမဲ့ ရွန်နေးက ပယ်ချခဲ့ပြီး အသင်းမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။ " ရွန်နေးက သူ့ရဲ့ကျန်းမာရေးနဲ့ အသက်အရွယ်က ခွင့်ပြုသလောက်ထိ ပရီးမီးယားလိဂ်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောကြောင်း သူ့အေးဂျင့်က ကျွန်တော့်ကိုပြောပါတယ်" လို့ ဘေကျင်းဂူအမ်အသင်း ဥက္ကဋ္ဌက ပြောခဲ့တာပါ။ ဘေကျင်းဂူအမ်အသင်းက ရွန်နေးကို တစ်ပတ်လုပ်ခလစာ ပေါင်သုံးသိန်းနဲ့ ၂၀၁၉ အထိ စာချုပ်ချုပ်ဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ