EPL: ကြွက်သား ဒဏ်ရာ ရနေသည့်ဆန်းချက်ဇ် မန်ယူနှင့်ပွဲကို လွဲချော်ဖွယ် ရှိနေ

ဒဏ်ရာ ပြင်းထန်ခဲ့တယ်ဆိုရင် တစ်လလောက် အနားယူရမှာ ဖြစ်ပါတယ်။

play

 

လက်ရွေးစင် ချီလီအသင်းနဲ့ လေ့ကျင့်ခန်းဆင်းနေတုန်းမှာ အာဆင်နယ်တိုက်စစ်ကစားသမား ဆန်းချက်ဇ်က ဒဏ်ရာ ရရှိသွားခဲ့ကြောင်း သိရပါတယ်။ အတည်မပြုရသေးပေမဲ့ ဆန်းချက်ဇ်ဟာ ဒဏ်ရာကြောင့် တစ်လခန့် အနားယူရဖွယ် ရှိတယ်လို့ ဗြိတိန်သတင်းတစ်ချို့က ရေးသားကြပါတယ်။

play

 

လာမယ့်တစ်ပတ်မှာ မန်ယူအသင်းနဲ့ ရင်ဆိုင်ရမယ့် အာဆင်နယ်အသင်းအတွက်တော့ ဒါဟာ သတင်းဆိုးတစ်ရပ်ဖြစ်ပါတယ်။ ကြွက်သား ဒဏ်ရာရရှိသွားတာ ဖြစ်တဲ့အတွက် ဆန်းချက်ဇ်ရဲ့ ဒဏ်ရာချက်ခြင်း မသက်သာခဲ့ဘူးဆိုရင် ဒီဇင်ဘာပွဲကျပ်ကာလနား ရောက်သည့်တိုင်အောင် ဆန်းချက်ဇ်ကို အာဆင်နယ် ဆုံးရှုံးရဖွယ် ရှိနေပါတယ်။

play

 

မန်ယူအသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တစ်ခုတည်းတင် လွဲချော်မှာ မဟုတ်ဘဲ လာမယ့် နိုဝင်ဘာ ၂၃ ရက်နေ့မှာ ကစားမယ့် ပီအက်စ်ဂျီအသင်းနဲ့ ပွဲစဉ်ကိုလည်း လွဲချော်ဖွယ် ရှိနေပါတယ်။ အာဆင်နယ်အသင်းဟာ လာမယ့် တစ်လလောက်အတွင်း မန်ယူ၊ ပီအက်စ်ဂျီ မန်စီးတီးအသင်းတို့နဲ့ ရင်ဆိုင်ရမှာ ဖြစ်လို့ ဒီပွဲတွေမှာ ဆန်းချက်ဇ်ကို ဆုံးရှုံးရမယ့် အရေးနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။

Source : Daily Star

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ