EPL: မန်ယူကစားသမားများကို အကြောက်တရားဖြင့် အုပ်ချုပ်ခဲ့ခြင်းမဟုတ်ဟု ဖာဂူဆန်ပြော

ကစားသမားတွေကို အမြဲတမ်း အော်ဟစ်တာမျိုး မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။

play

 

အများစုက ထင်ထားခဲ့ကြသလို မိမိမန်ယူအသင်းနည်းပြ သက်တမ်းတစ်လျှောက်မှာ ကစားသမားတွေကို ခြိမ်းခြောက် အုပ်ချုပ်ခဲ့တာ မဟုတ်ဘူးလို့ နည်းပြဟောင်း ဖာဂူဆန်က ပြောကြားလိုက်ပါတယ်။

play

 

ပရိသတ်တွေနဲ့ မီဒီယာတွေ ထင်ထားခဲ့ကြသလို ကစားသမားတွေကို အမြဲအော်ဟစ်ကြိမ်းမောင်းပြီး အုပ်ချုပ်နေတာမျိုး မရှိခဲ့ဘူးလို့ ဆာအဲလက်စ်ဖာဂူဆန်က ပြောပါတယ်။ အီတီလီနိုင်ငံ မီလန်မြို့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေးဆွေးနွေးပွဲမှာ ဖာဂူဆန်က အဲဒီလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ မန်ယူအသင်းကို ၁၉၈၆ ခုနှစ်မှာ စတင်ရောက်ရှိလာပြီးနောက် ကစားသမားတွေ ခြေစွမ်းမပြနိုင်တဲ့အခါ ဖာဂူဆန်ရဲ့အော်ဟစ်ကြိမ်းမောင်းမှုကို အမြဲခံကြရလေ့ ရှိတယ်လို့ မီဒီယာတွေက အကြိမ်ကြိမ် ရေးသားခဲ့ကြပါတယ်။

ဒါပေမဲ့ မန်ယူအသင်းနည်းပြ ၂၇ နှစ်တာ  သက်တမ်းတစ်လျှောက် ကစားသမားတွေကို အော်ဟစ်ကြိမ်းမောင်ခဲ့ဖူးတဲ့ အကြိမ်ရေဟာ ဒါဇင်ဝက်(ခြောက်ကြိမ်ခန့်)လောက်ပဲ ရှိမယ်လို့ ဖာဂူဆန်က ပြောပါတယ်။

play

 

" ဒါနဲ့ပတ်သက်ပြီး အထင်လွဲနေကြတာတွေ အများကြီးပါ။ တစ်ခုခု ပြောဖို့ဆို တနင်္လာနေ့အထိ စောင့်ဖို့ ယော့ခ်စတိန်းက ကျွန်တော့်ကို အကြံပေးဖူးတယ်။ ဒါပေမဲ့ ကျွန်တော်မစောင့်နိုင်ဘူး။ ပွဲပြီးတာနဲ့ ပြောတာပဲ။ ဘာလို့လည်းဆိုတာ ပွဲတိုင်းကို ကျွန်တော်နိုင်ချင်တဲ့အတွက် အနိုင်ယူနိုင်လောက်တဲ့ စွမ်းရည်မျိုးရလာအောင် သူတို့ကိုကျွန်တော် လေ့ကျင့်ထားပေးပြီးသားလေ" လို့ ဖာဂူဆန်က ပြောပါတယ်။

play

 

" ကျွန်တော်သူတို့ကို အကြောက်တရားတွေနဲ့ အုပ်ချင်ခဲ့တာမဟုတ်ဘဲ အကောင်းမြင်စိတ်တွေရှိပြီး ဒီကလပ်အသင်းအတွက် နိုင်ပွဲယူပေးနေရတာကို ဂုဏ်ယူတဲ့စိတ်မျိုးဖြစ်လာအောင် လေ့ကျင့်ပေးခဲ့တာပါ" လို့ ဖာဂူဆန်က ဆိုပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ