EPL: ဂိုးသမားနဲ့ တိုက်မိပြီး မိနစ် ၂၀ အတိတ်မေ့သွားတဲ့ စပါးတိုက်စစ်မှူး

ဂိုးသမားနဲ့ ဘောလုံး ယှဉ်လုရာမှာ တိုက်မိခဲ့တာဖြစ်ပါတယ်။

play

 

စပါးအသင်း ကစားသမားဖြစ်တဲ့ ဗင်းဆင့်ဂျက်ဆင်ဟာ ပြီးခဲ့တဲ့ ညက ကစားခဲ့တဲ့ ဟော်လန်နဲ့ ဘယ်လ်ဂျီယံ အသင်းခြေစမ်းပွဲစဉ်မှာ မတော်တဆမှု တစ်ခုဖြစ်ပြီး မိနစ် ၂၀ ကြာအတိတ်မေ့သွားခဲ့ကြောင်း သိရပါတယ်။

play

 

ဘယ်လ်ဂျီယံဂိုးသမားနဲ့ ဗင်းဆင့်ဂျက်ဆင်တို့ဟာ ကျလာတဲ့ဘောလုံးကို ယှဉ်လုရာမှာ ဗင်းဆင့်ကို ထိခိုက်မိသွားခဲ့တာဖြစ်ပါတယ်။ ဟော်လန်တိုက်စစ်မှူး ဗင်းဆင့်ဟာ ဂိုးသမား မစ်ဂနိုလက်နဲ့ ထိခိုက်မိပြီးနောက် မြက်ခင်းဘေးမှာ အရုပ်ကြိုးပြတ်သလို လဲကျသွားခဲ့တာဖြစ်ပါတယ်။ ကွင်းထဲက ထွက်မသွားနိုင်သေးခင်အချိန်မှာ ဗင်းဆင့်ဟာ မြက်ခင်းပြင်ပေါ် အချိန်အတန်ကြာ လဲကျနေခဲ့ရပါတယ်။

ဒီဒဏ်ရာကြောင့် ဟော်လန်တိုက်စစ်မှူး ဗင်းဆင့်က လာမယ့်တနင်္ဂနွေနေ့ ကစားမယ့် လူဇင်ဘတ်နဲ့ပွဲစဉ်မှာ ပါဖို့မရေမရာ ဖြစ်လာခဲ့ပါတယ်။ ဗင်းဆင့်ရဲ့ အခြေအနေဟာ အတော်လေးရှင်းပြရခက်တယ်လို့လည်း ဟော်လန်နည်းပြ ဒန်နီဘလင်းက ပြောပါတယ်။

ဒီဒဏ်ရာကြောင့် မိနစ် ၂၀ လောက် အတိတ်မေ့သွားပြီး ဘာဖြစ်သွားလဲဆိုတာကို ဗင့်ဆင့် မမှတ်မိခဲ့ကြောင်း ကုထုံးဆရာဝန်ရဲ့ ပြောကြားချက်ကို ကိုးကားကာ နည်းပြဘလင်းက ပြောခဲ့ပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ