EPL: အာဆင်နယ်နှင့် လစာကိစ္စအဆင်မပြေသည့် အိုဇေးလ်ကို မန်ယူစိတ်ဝင်စားနေ

အာဆင်နယ်က စာချုပ်သစ်ချုပ်ဆိုချင်ပေမဲ့ အိုဇေးလ်က လစာငွေတိုးတောင်းနေလို့ ကြန့်ကြာနေတာ ဖြစ်ပါတယ်။

play

 

အာဆင်နယ်အသင်းနဲ့ စာချုပ်သစ်ထပ်မံ ချုပ်ဆိုဖို့ နှောင့်နှေးနေတဲ့ အိုဇေးဟာ မန်ချက်စတာကို ရောက်လာဖွယ်ရှိတယ်လို့ ဗြိတိန်သတင်းတစ်ရပ်က ဖော်ပြလိုက်ပါတယ်။

play

 

အာဆင်နယ်အသင်းက နောက်ခံကစားသမား ဘယ်လာရင်ကို  စာချုပ်သစ်ချုပ်ဆိုပြီးသွားပြီဖြစ်ပေမဲ့ အိုဇေးလ်နဲ့ ဆန်းချက်ဇ်ကိုတော့ စာချုပ်သစ်ထပ်မံချုပ်ဆိုဖို့ နှောင့်နှေးနေကြောင်းသိရပါတယ်။ အဆိုပါ ဂျာမန်ကစားသမားကို မော်ရင်ဟိုက ခေါ်ယူဖို့ စိတ်ဝင်စားနေတာကို အသုံးချပြီး အိုဇေးလ်နဲ့ သူ့ရဲ့အေးဂျင့်တို့ဘက်က စာချုပ်သစ်မှာ လစာငွေ တိုးမြှင့်ပေးဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။

play

 

အခြားသတင်းတွေအရ အာဆင်နယ်အသင်းဘက်က အိုဇေးလ်ကို စာချုပ်သစ် ချုပ်ဆိုဖို့ ကမ်းလှမ်းထားပေမဲ့ အိုဇေးလ်က တစ်ပတ်လုပ်ခ ပေါင်နှစ်သိန်းခန့် တောင်းဆိုနေတဲ့အတွက် ကြန့်ကြာနေတာ ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိမှာ အာဆင်နယ်အသင်းက အဆိုပါ ဂျာမန်ကစားသမား တစ်ပတ်လုပ်ခ ပေါင် တစ်သိန်းလေးသောင်း ပေးထားပြီး ဒါဟာ အာဆင်နယ်မှာ လစာအများဆုံး ပမာဏ ဖြစ်ပါတယ်။

မန်ယူအသင်းဘက်ကတော့ အိုဇေးလ်ကို ခေါ်ယူဖြစ်ခဲ့ရင် တစ်ပတ်လုပ်ခ ပေါင် နှစ်သိန်းခွဲလောက်အထိ ပေးနိုင်ကြောင်း ဗြိတိန်သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ