EPL: လီဗာပူး ချန်ပီယံ ဖြစ်နိုင်သည့် အားသာချက်ကို ဂယ်ရီနဗီးလ် ထုတ်ဖော်

, updated

ဒီနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ် ဖလားကို ရဖို့ လီဗာပူးမှာ အားသာချက် ကောင်းကောင်း ရှိတယ်လို့ နဗီးလ်က ဆိုပါတယ်။

play

 

လက်ရှိပရီးမီးယားလိဂ် ဘောလုံးရာသီမှာ အမှတ်ပေးဇယားထိပ်ဆုံး ရောက်ရှိနေတဲ့ လီဗာပူးအသင်း အမှတ်ပေးချန်ပီယံ ဖြစ်နိုင်ချေရှိတဲ့ အဓိက အားသာချက်ကို မန်ယူအသင်းကစားသမားဟောင်း ဂယ်ရီနဗီးလ်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

play

 

လီဗာပူးအသင်းမှာ ဒီရာသီ အဓိက ရရှိထားတဲ့ အားသာချက်က ပြင်ဆင်ချိန် ပိုမိုရရှိထားခြင်း ဖြစ်တယ်လို့ ဂန္တဝင်ကစားသမားဟောင်း ဂယ်ရီနဗီးလ်က ဆိုပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်မှာ လီဗာပူးအသင်းက ဝက်ဖို့ဒ်ကို ၆-၁ ဂိုးနဲ့ အနိုင်ရပြီးနောက် ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ပါတယ်။ ဒါဟာ နှစ်နှစ်အတွင်း လီဗာပူးအသင်းက ပထမဆုံးအကြိမ် အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

play

 

" လောလောဆယ်အချိန်မှာတော့ ဘယ်အသင်းပဲဖြစ်ဖြစ် အမှတ်ပေးချန်ပီယံ သေချာပေါက်ဖြစ်နိုင်တယ်လို့ ကျွန်တော်မပြောနိုင်ပါဘူး။ ဒါပေမဲ့ လီဗာပူးမှာ အားသာချက်ရှိနေပါတယ်။ ပြင်ဆင်ချိန် ပိုရနေတဲ့အချက်ပါ။ ချယ်လ်ဆီးမှာလည်း ဒီအားသာချက် ရှိနေပါတယ်။ ပြင်ဆင်ချိန် အားသာချက်က အရေးပါတဲ့ အရာပါ" လို့ ဂယ်ရီနဗီးလ်က ဆိုပါတယ်။

play

 

လီဗာပူးအသင်းနဲ့ ချယ်လ်ဆီးအသင်းက ဒီနှစ်ဘောလုံးရာသီမှာ ဥရောပပြိုင်ပွဲတွေ မရှိတဲ့အတွက် ပြင်ဆင်ချိန်ပိုရနေတာကို နဗီးလ်က ထောက်ပြခဲ့တာပါ။

ှSource : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ