EPL: စိုးရိမ်ဖွယ် ကောင်းသည့် မျက်လုံးဒဏ်ရာ ရရှိနေသည့် ကော့တွစ်

ကော့တွစ်ရဲ့ ဘယ်ဘက်မျက်လုံးဟာ နီရဲပြီး စိုးရိမ်ဖွယ် ကောင်းနေပါတယ်။

play

 

ချယ်လ်ဆီးအသင်း ဂိုးသမား ကော့တွစ်က  မျက်လုံးဒဏ်ရာ ပြင်းပြင်းထန်ထန် ရနေခဲပေ့မယ့်လည်း သူကတော့ မစိုးရိမ်ဘူးလို့ ပြောကြားလိုက်ပါတယ်။

play

 

မျက်လုံးဒဏ်ရာကြောင့် ပြီးခဲ့တဲ့ ရက်အတွင်း ကစားခဲ့တဲ့ ဘယ်လ်ဂျီနဲ့ နယ်သာလန် ပွဲစဉ်မှာ ကော့တွစ်စ်က ဘယ်လ်ဂျီယံအရန်စာရင်းမှာသာ ပါလာနိုင်ခဲ့ပါတယ်။ ရုပ်သံမြင်ကွင်းမှာ ပေါ်လာတဲ့ ဓာတ်ပုံတွေအရ ကော့တွစ်ရဲ့ ဘယ်ဘက် မျက်လုံးဟာ နီရဲပြီး စိုးရိမ်စရာ ကောင်းလောင်အောင် ဒဏ်ရာ ရရှိနေခဲ့တာပါ။

play

 

ဘယ်လ်ဂျီယံနဲ့ နယ်သာလန်ပွဲစဉ်မှာ ကော့တွစ်အစား မစ်ဂနိုလက်က ဝင်ရောက်ပွဲထွက်ခွင့် ရခဲ့ပါတယ်။ " ကျွန်တော့်မျက်လုံး အဆင်ပြေပါတယ်။ နှစ်ပတ်လောက်ပဲ နားရမှာပါ။ ကျွန်တော့်ဂိုးသမား ဘဝကို မထိခိုက်နိုင်ပါဘူး" လို့ ကော့တွစ်က တွစ်တာမှာ ပြောခဲ့ပါတယ်။

Source : Independent

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ