EPL: လာမယ့် ဇန်နဝါရီမှာ အသင်းပြောင်းနိုင်တဲ့ ပရီးမီးယားလိဂ် ထိပ်တန်း ကစားသမား (၅) ဦး

ခြေစွမ်းကောင်းပေမယ့် အသင်းပြောင်းဖွယ် ရှိတဲ့ ကစားသမားတွေ ဖြစ်ပါတယ်။

play

 

ဘောလုံးလောကရဲ့ အချို့ အပြောင်းအရွှေ့တွေဟာ လျှပ်တစ်ပြတ်အတွင်းမှာတင် မယုံနိုင်အောင်ဖြစ်သွားခဲ့ကြတာပါ။

အပြောင်းအရွှေ့နောက်ဆုံးရက်၊ နောက်ဆုံးမိနစ်မှာ ဖြစ်သွားတဲ့အပြောင်းအရွှေ့တွေလည်း ရှိပါတယ်။လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းပြောင်းဖွယ်ရှိတဲ့ ပရီးမီးယားလိဂ် ကစားသမား ငါးဦး ရှိပါတယ်။

၁။ ဖာဘရီဂတ်စ်

play

 

ချယ်လ်ဆီးကွင်းလယ်မှာ ကန်တေနဲ့ မာတစ် အလုပ်ဖြစ်နေတာကြောင့် ဇန်နဝါရီမှာ ဖာဘရီဂတ်စ်အသင်းပြောင်းဖွယ်ရှိပါတယ်။ စီးအီးအေ ကလပ်တစ်ချို့က ဖာဘရီဂတ်စ်ကို စိတ်ဝင်စားနေကြတာပါ။

၂။ ဒီပေး

play

 

မော်ရင်ဟို အရင်ဆုံး အသင်းစာရင်းကထုတ်ပယ်မယ့် ကစားသမား စာရင်းထဲမှာ ဒီိပေးက ထိပ်ဆုံးကဖြစ်ပါတယ်။ သူ့ကိုတော့ ဂျူဗင်တပ်နဲ့ ဂါလာတာ ဆာရေးက စိတ်ဝင်စားနေပါတယ်။

၃။ ယာယာတိုယေး

play

 

နည်းပြ ဂွါဒီယိုလာ လက်ထက်မှာ ယာယာတိုယေးရဲ့ အခန်းကဏ္ဍ မှေးမှန်သွားပြီဖြစ်ပါတယ်။ တိုယေးက အီတလီသို့မဟုတ် တရုတ်ကလပ်အသင်း တစ်သင်းသင်းကို ပြောင်းဖွယ် ရှိပါတယ်။

၎။ စတာရစ်ခ်ျ

play

 

စတာရစ်ချက်တော့ အံ့အားသင့်ဖို့ကောင်းပါတယ်။ ခြေစွမ်းကောင်းမွန်နေပေမယ့်လည်း လီဗာပူးမှာ ကော်တင်ဟို၊ ဖာမီနိုနဲ့ မာနေး အတွဲမိနေတဲ့အတွက် စတာရစ်ခ်ျပွဲထွက်ခွင့်မရဖြစ်နေတာပါ။ စတာရစ်ချက်ကို အာဆင်နယ်က စိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။

၅။ အိုင်ဗန်နိုဗစ်ခ်ျ

play

 

အိုင်ဗန်နိုဗစ်ခ်ျလည်း ခြေစွမ်းကျဆင်းလာလို့မဟုတ်ပါဘူး။ နည်းပြကွန်တီရဲ့ နောက်တန်းသုံးဦးထားတဲ့ ကစားကွက်မှာ အံမဝင်လို့ ဖြစ်ပါတယ်။ သူ့ကိုတော့ ခရစ္စတယ်ပဲလေ့စ်က စိတ်ဝင်စားနေပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ