EPL: ကစားသမားလုပ်ခလစာ အများဆုံးပေးတဲ့ ဘောလုံးကလပ်အဖြစ် မန်ယူ ရပ်တည်

မန်ယူအသင်းရဲ့ ပထမဦးစားပေး ကစားသမားတစ်ယောက်အတွက် ပျမ်းမျှလုပ်ခလစာဟာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၇.၂၇ သန်း သို့မဟုတ် တစ်ပတ်လျှင် ဒေါ်လာ ၁၄၀,၀၀၀ နီးပါး ဖြစ်ပါတယ်။

play


အင်္ဂလန်ပရီးမီးယားလိဂ်မှ မန်ချက်စတာယူနိုက်တက်က ကစားသမားတွေကို လုပ်ခလစာ အများဆုံးပေးတဲ့ ဘောလုံးကလပ် အသင်းအဖြစ် ထိပ်ဆုံးမှ ရပ်တည်ခဲ့ကြောင်း ကမ္ဘာတစ်ဝန်း အားကစားနယ်ပယ်မှ လုပ်ခလစာ လေ့လာမှုစစ်တမ်း Global Sports Salaries Survey က ဖော်ပြပါတယ်။

play


မန်ယူအသင်းရဲ့ ပထမဦးစားပေး ကစားသမားတစ်ယောက်အတွက် ပျမ်းမျှလုပ်ခလစာဟာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၇.၂၇ သန်း သို့မဟုတ် တစ်ပတ်လျှင် ဒေါ်လာ ၁၄၀,၀၀၀ နီးပါး ဖြစ်ပါတယ်။

ဘောလုံးကလပ်အသင်းများအနက် မန်ယူပြီးလျှင် ဘာစီလိုနာက ဒေါ်လာ ၅.၆၅ သန်း၊ မန်စီးတီးက ဒေါ်လာ ၅.၄ သန်းဖြင့် လုပ်ခလစာ အများဆုံးပေးတဲ့ ဘောလုံးကလပ်များအဖြစ် ဒုတိယနဲ့ တတိယနေရာမှာ အသီးသီး ရပ်တည်နေပါတယ်။

play


Global Sports Salaries Survey လေ့လာမှုစစ်တမ်းအရ မန်ယူအသင်းဟာ ကမ္ဘာတစ်ဝန်း လုပ်ခလစာ အများဆုံးပေးတဲ့ အားကစားအသင်းတွေမှာတော့ စတုတ္ထနေရာမှာ ရပ်တည်ခဲ့ပါတယ်။

ကစားသမားတွေကို လုပ်ခလစာ အများဆုံးပေးတဲ့ ထိပ်ဆုံး အားကစားအသင်း ၃ သင်းမှာ NBA မှ Cleveland Cavaliers က တစ်နှစ်လျှင် လုပ်ခလစာ ဒေါ်လာ ၈.၇ သန်း၊ ဘေ့စ်ဘောအသင်း New York Yankees က ဒေါ်လာ ၇.၆၈ သန်းနဲ့ NBA အသင်း LA Clippers က ဒေါ်လာ ၇.၆၅ သန်းဖြင့် အစဉ်လိုက် ရပ်တည်နေပါတယ်။

ယခု လေ့လာမှုစစ်တမ်းကို ကမ္ဘာတစ်ဝန်းမှ အားကစားအမျိုးအစား ၇ မျိုးနဲ့ အားကစားအသင်း ၃၃၃ သင်းရဲ့ ကစားသမား ၁၀,၀၀၀ ကို အခြေခံပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ