EPL: မန်ယူလူစာရင်းမှ ရောင်းထုတ်သင့်သည့် ကစားသမား ခြောက်ဦးကို ပရိသတ်များ ရွေးချယ်မဲပေး

, updated

မန်ယူအသင်းက လာမယ့်ဇန်နဝါရီမှာ ရောင်းထုတ်သင့်တဲ့ ကစားသမားတွေနဲ့ ဝယ်သင့်တဲ့ ကစားသမားတွေကို ပရိသတ်တွေက မဲပေးထားပါတယ်။

play

 

အသင်းက အမြန်ဆုံး ရောင်းထုတ်သင့်တဲ့ ကစားသမားတွေကို မန်ယူအသင်း ပရိသတ်တွေထံ စစ်တမ်းကောက်ယူခဲ့တယ်လို့ သိရပါတယ်။ မဲရလဒ် ထွက်လာပြီးနောက် မန်ယူအသင်းက အမြန်ဆုံး ရောင်းထုတ်ပစ်ဖို့ ပရိသတ် ဆန္ဒရှိနေတဲ့ ကစားသမား ခြောက်ဦး ရှိနေကြာင်း မန်ချက်စတာ ညနေခင်းသတင်းစာက ရေးသားဖော်ပြပါတယ်။

play

 

လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ အသင်းက ထွက်ခွာခွင့်ပေးသင့်တဲ့ ကစားသမား ခြောက်ဦးထဲမှာ ဖီးလ်ဂျုံးစ်၊ ရှနိုက်ဒါလင်၊ ရှဝိန်းစတိုင်ဂါ၊ ဒီပေးနဲ့ ရိုဟိုတို့အပြင် ဖယ်လိုင်နီလည်း ပါဝင်လာခဲ့ပါတယ်။ ဖယ်လိုင်နီက မော်ရင်ဟိုလက်ထက်မှာ ပွဲထွက်ခွင့်ရေနေပေမဲ့လည်း ထွက်ခွာခွင့်ပေးသင့်တဲ့ ကစားသမား ခြောက်ဦးထဲမှာ နောက်ဆုံးစာရင်းနဲ့ ပါဝင်လာတာဖြစ်ပါတယ်။ ပရိသတ် ၁၈.၄ ရာခိုင်နှုန်းက အသင်းပြောင်းစေဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။

play

 

ဖီးလ်ဂျုံးစ်ကိုတော့ အသင်းက ထွက်ဖို့ ပရိသတ် ၄၄.၈ ရာခိုင်နှုန်းကမဲအများဆုံး ပေးခဲ့ကြတာဖြစ်ပါတယ်။ အသစ်ထပ်မံ ဝယ်ယူသင့်တဲ့ ကစားသမား လေးဦးထဲမှာ ဒေါ့မွန်ကစားသမား အော့ဘာမီယန်းကို နံပါတ်တစ် မဲအများဆုံး ပေးထားကြပြီး ဖေဘင်ညို၊ ဂိုဒင်နဲ့ အစ္စကိုတို့လည်း ပါဝင်ကြပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ