EPL: လစာတိုးမပေးချင်သဖြင့် ဟယ်ရီကိန်းနှင့် ဟူဂိုလိုရစ်ကို စပါးလက်လွှတ်ရဖွယ်ရှိ

ဟယ်ရီကိန်းရဲ့ လစာငွေဟာ လက်စတာတိုက်စစ်မှူး ဗာဒီရဲ့ တစ်ဝက်ပဲ ရှိပါတယ်။

play

 

ကစားသမားတွေဘက်ကို လစာငွေ တောင်းဆိုသလောက် မပေးနိုင်တဲ့ ပြဿနာကြောင့် တိုက်စစ်မှူး ဟယ်ရီကိန်းနဲ့ ဂိုးသမား ဟူဂိုလိုရစ်တို့ကို စပါးအသင်း ဆုံးရှုံးရဖွယ် ရှိနေကြောင်း သိရပါတယ်။

play

 

လက်ရှိမှာ စပါးအသင်းက တိုက်စစ်မှူး ဟယ်ရီကိန်းကို တစ်ပတ်လုပ်ခလစာ ပေါင်ခြောက်သောင်းသာ ပေးချေထားတာဖြစ်ပါတယ်။ ဒါပေမယ့် ဟယ်ရီကိန်းနဲ့အပြိုင် ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနေတဲ့ လက်စတာတိုက်စစ်မှူး ဗာဒီနဲ့ လီဗာပူးတိုက်စစ်မှူး စတာရစ်ခ်ျတို့ကတော့ ဒီထက်များပြားတဲ့ လစာကို ရရှိထားတာပါ။ စပါးအသင်းက ကွင်းသစ်တည်ဆောက်ထားမှုကြောင့် ဘဏ္ဍာရေးမချောင်လည်တဲ့ ပြဿနာရှိနေပြီး အသင်းဥက္ကဌ လီဗိုင်းထံမှာလည်း ဖိအားများစွာ ရင်ဆိုင်နေရတယ်လို့ သတင်းစာတွေက ရေးသားထားကြပါတယ်။

play

 

တိုက်စစ်မှူး ဟယ်ရီကိန်းက လက်ရှိလစာရဲ့ နှစ်ဆဖြစ်တဲ့ တစ်ပတ်လုပ်ခလစာ ပေါင်တစ်သိန်းနှစ်သောင်းကို ရရှိဖို့ ဆန္ဒရှိနေတာလို့ သိရပါတယ်။ ဂိုးသမား ဟူဂိုလိုရစ်က တစ်ပတ်လုပ်ခ ပေါင် ကိုးသောင်း ရရှိတဲ့ ကစားသမား ဖြစ်ပြီး စပါးအသင်းမှာ လစာအများဆုံး ရတဲ့ ကစားသမားပါ။

ဒါပေမယ့် ဟူဂိုလိုရစ်ကလည်း အခြားကလပ်အသင်းတွေထံ ကမ်းလှမ်းမှုများစွာရထားသူ ဖြစ်တဲ့အတွက် စပါးအသင်းထံက ဒီထက်ပိုများတဲ့ လစာငွေကို တောင်းဆိုပြီး စာချုပ်အသစ်ချုပ်ဖို့ ဆန္ဒရှိနေတယ်လို့ ယူဆရကြောင်း ဗြိတိန်မီဒီယာအချို့က ဖော်ပြထားပါတယ်။ ဟယ်ရီကိန်းဟာ စပါးနဲ့အတူ ပရီးမီးယားလိဂ်မှာ ၉၂ ပွဲကစားပြီး ၅၂ ဂိုးသွင်းယူထားသူ ဖြစ်ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ