EPL: မင်္ဂလာဆောင်ပါတီကို မဖိတ်ဘဲသွားပြီး မိုးလင်းအထိ ထိုင်သောက်ခဲ့သည့် ရွန်နေး

မန်ယူနည်းပြမော်ရင်ဟိုကို ကျေနပ်စေမယ့် သတင်းတော့ မဟုတ်ပါဘူး။

play

 

ဟိုတယ်တစ်ခုအတွင်းက မင်္ဂလာဆောင် ညစာစားပွဲတစ်ခုအတွင်းမှာ အင်္ဂလန်အသင်းခေါင်းဆောင် ဝိန်းရွန်နေး အရက်မူးနေခဲ့တဲ့ ဓာတ်ပုံတွေကို ဗြိတိန်သတင်းစာ အချို့က ဖော်ပြလိုက်ပါတယ်။

play

 

ဝိုင်တွေအသောက်လွန်ထားလို့ မျက်လုံးတွေ နီရဲနေပြီး အရက်အလွန်ကျွံမူးနေတယ်လို့ ယူဆရကြောင်း သတင်းတွေက ရေးသာထားကြပါတယ်။ ဟိုတယ်မင်္ဂလာဧည့်ခံပွဲအတွင်း ဆိုဖာခုံပေါ်မှာ ထိုင်နေတဲ့ ရွန်နေးရဲ့ ဘေးမှာ အမျိုးသမီးနှစ်ဦးရှိနေခဲ့ပြီး တစ်ဦးက ရွန်နေးရဲ့ အင်္ဂလန်အသင်းလေ့ကျင့်ရေးဂျာစီကို ဝတ်ဆင်ထားပါတယ်။

play

 

အဆိုပါ အမျိုးသမီးဟာ ဟိုတယ်ဘားအတွင်းက ဝန်ထမ်းအမျိုးသမီးဖြစ်မယ်လို့ ယုံကြည်ရကြောင်း The Sun သတင်းစာက ဆက်လက် ရေးသားထားပါတယ်။ ရွန်နေးအပြင် အဆိုပါတီပွဲကို အင်္ဂလန်အသင်းဖော် အဲဗာတန်ကစားသမား ဂျာဂျီရယ်ကာလည်း တက်ရောက်ခဲ့ကြောင်း အစောပိုင်းမှာ ဓာတ်ပုံတွေ ထွက်လာခဲ့ပါသေးတယ်။

play

 

အဲဒီညက မင်္ဂလာညစာစားပွဲကို တက်ရောက်လာတဲ့ ဧည့်သည်တွေ ပြောကြားချက်အရ ရွန်နေးဟာ အမူးလွန်နေခဲ့ပြီး ဟိုတယ်ဝန်ထမ်းတွေနဲ့ ပရိသတ်တွေက ဒါဟာ အင်္ဂလန်အသင်းခေါင်းဆောင်ဆိုတာ မယုံနိုင် ဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ရွန်နေးဟာ လက်ရှိအချိန်မှာ ဒူးဒဏ်ရာ အသေးစား ရရှိနေခဲ့တာကြောင့် ယမန်နေ့က စပိန်နဲ့ အင်္ဂလန် ၂-၂ သရေကျခဲ့တဲ့ပွဲစဉ်ကို လွဲချော်ခဲ့သူ ဖြစ်ပါတယ်။

အခု အပြင်ကို ပေါက်ကြားလာတဲ့ ပါတီပွဲဓာတ်ပုံတွေဟာ အစောပိုင်းမှာ ရိုက်ကူးထားခဲ့တဲ့ ဓာတ်ပုံတွေဖြစ်ကာ အဲဒီနောက်ပိုင်း အများအပြား ထပ်သောက်ခဲ့ကြသေးတယ်လို့ ပါတီပွဲအတွင်း ရှိနေခဲ့သူတစ်ဦးက The Sun သတင်းစာကို ပြောပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ