EPL: ဖာဂူဆန်၏ အကြိမ်းအမောင်းကို မခံရသည့် ကစားသမား မန်ယူတွင် တစ်ဦးသာ ရှိခဲ့

ဖာဂူဆန်ရဲ့ ဆူပူကြိမ်းမောင်းမှုဒဏ်ကနေ လွတ်ခဲ့တဲ့ ကစားသမား မန်ယူမှာ တစ်ဦးသာ ရှိခဲ့တာပါ။

play

 

မန်ယူနည်းပြ ဖာဂူဆန်လက်အောက်မှာ အကြိမ်းအမောင်းမခံရဖူးတဲ့ ကစားသမားဆိုလို့ ၂၆ နှစ်တာအတွင်း တစ်ဦးသာရှိခဲ့ကြောင်း မန်ယူအသင်း ကစားသမားဟောင်း ပက်ထရစ်အီဗရာက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

play

 

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့က ကျရောက်ခဲ့တဲ့ မန်ယူကစားသမားဟောင်း ပေါလ်စခိုးလ်ရဲ့ မွေးနေ့မှာ ကစားဖော်ဟောင်း အီဗရာက ဒီအကြောင်းကို ထုတ်ဖော်လိုက်တာဖြစ်ပါတယ်။ မန်ယူအသင်းမှာ နည်းပြတာဝန်ထမ်းဆောင်ခဲ့တဲ့အချိန်အတွင်း နည်းပြ ဖာဂူဆန်က သူစိတ်တိုင်းမကျခဲ့ဘူးဆိုရင် ဘယ်ကစားသမားကိုမဆို ချက်ခြင်း အော်ဟစ် ကြိမ်းမောင်းလေ့ရှိတယ်လို့ နာမည်ကြီးခဲ့သူပါ။

ကစားသမားဟောင်း ပက်ထရစ်အီဗရာက ပေါလ်စခိုးလ်ကို အင်စတာဂရမ်ကတစ်ဆင့် မွေးနေ့ဆုတောင်းပို့စ် တင်ပေးရင်းနဲ့ ဒီလျှို့ဝှက်ချက်ကို ထုတ်ပြောခဲ့သူ ဖြစ်ပါတယ်။

play

 

 " ပျော်စရာမွေးနေ့ပါ ဂန္တဝင်ကစားသမားကြီး။ ခင်ဗျားက ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ဘောလုံးသမားပါပဲ။ ဆာအဲလက်စ်ရဲ့ အကြိမ်းအမောင်းကို မခံရတဲ့ တစ်ဦးတည်းသော ကစားသမားကြီး။ အရမ်းကံကောင်းတယ်" လို့ အီဗရာက သူ့ရဲ့အင်စတာဂရမ်ပို့စ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

ပေါလ်စခိုးလ်ဟာ နည်းပြဖာဂူဆန်လက်အောက်မှာ မန်ယူအသင်းအတွက် အဓိက ကစားသမားဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆု ၁၁ ကြိမ်ရရှိခဲ့ကာ ချန်ပီယံလိဂ်နှစ်ကြိမ်၊ အက်ဖ်အေဖလား သုံးကြိမ် ရခဲ့တာဖြစ်ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ