EPL: ပါတီတွင် အရက်မူးနေသည့် ဓာတ်ပုံများ ထွက်လာသည့်အတွက် ရွန်နေး ပြန်တောင်းပန်ရ

အသင်းနည်းပြဆောက်ဂိတ်အပါအဝင် ပရိသတ်တွေကို ပြန်တောင်းပန်လိုက်တာပါ။

play

 

အင်္ဂလန်အသင်းရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ် ကာလအတွင်း ဟိုတယ်တစ်ခုက မင်္ဂလာဆောင် ပါတီတစ်ခုမှာ အရက်မူးနေတဲ့ ဓာတ်ပုံအချို့ ထွက်ပေါ်လာခဲ့တဲ့အတွက် အသင်းခေါင်းဆောင်ဝိန်းရွန်နေးက ပြန်လည်တောင်းပန်လိုက်ကြောင်း သိရပါတယ်။

play

 

အင်္ဂလန်အသင်းယာယီနည်းပြ ဆောက်ဂိတ်အပါအဝင် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်နဲ့ ပရိသတ်တွေကို မသင့်တော်တဲ့ ဓာတ်ပုံတွေ လူမြင်ကွင်း ထွက်လာတဲ့အတွက် တောင်းပန်ကြောင်း ကိုယ်စားလှယ်ကတစ်ဆင့် ရွန်နေးက ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်တာပါ။ အင်္ဂလန်အသင်းက စကော့တလန်ကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ညမှာပဲ ရွန်နေးအပါအဝင် ကစားသမားဆယ်ဦး အပြင်ထွက်ကာ မနက်လေးနာရီအထိ ကလပ်နဲ့ပါတီ တက်ခဲ့ကြတယ်လို့ The Sun သတင်းစာက ရေးသားခဲ့ပါသေးတယ်။

play

 

ဗြိတိန်သတင်းစာတွေရဲ့ ဖော်ပြချက်အရ အသင်းခေါင်းဆောင်ရွန်နေးဟာ သူ့ကိုဖိတ်ကြားထားခြင်းမရှိတဲ့ မင်္ဂလာဆောင်ပါတီတစ်ခုကို ရုတ်တရက်သွားရောက်ခဲ့ပြီး အတော်ညဥ့်နက်တဲ့အချိန်ထိ ပါတီမှာ ရှိနေခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် အမျိုးသမီးနှစ်ဦးနဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံထဲမှာ ရွန်နေးက အရက်မူးနေတဲ့ပုံ ပေါက်နေခဲ့တာကြောင့် အခုလို တောင်းပန်စာ ပြန်ထုတ်ခဲ့ရတာ ဖြစ်ပါတယ်။

ပရိသတ်အချို့နဲ့ ရိုက်ခဲ့တဲ့ ဓာတ်ပုံ လူမြင်ကွင်းထွက်လာတဲ့အတွက် ရွန်နေးအနေနဲ့ တောင်းပန်ကြောင်း၊ အဲဒီနေ့ ကိစ္စရပ်အတွက် ရွန်နေးဟာ အသင်းနည်းပြဆောက်ဂိတ်နဲ့ အက်ဖ်အေက ဒါရိုက်တာ ဒန်အက်စ်ဝေါ့သ်တို့ကို ပြောကြားခဲ့ပြီး တောင်းပန်ခဲ့ကြောင်း ကြေညာချက်ထဲမှာ ပါရှိပါတယ်။

Source : 90min

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ