EPL: အသင်းကစားသမားဟောင်း လမ်းပတ်ကို ချယ်လ်ဆီး ပြန်လည်ခေါ်ယူမည်ဟု ဆို

လမ်းပတ်က မေဂျာလိဂ်ကလပ် နယူးယော့ခ်စီးတီးအသင်းနဲ့ လမ်းခွဲတော့မှာ ဖြစ်ပါတယ်။

play

 

အမေရိကန် မေဂျာလိဂ် ကလပ်အသင်း နယူးယော့ခ်စီးတီးအသင်းနဲ့  လမ်းခွဲတော့မယ့် အင်္ဂလန်ကွင်းလယ်ကစားသမား လမ်းပတ်ကို အသင်းဟောင်းချယ်လ်ဆီးက ပြန်လည်ခေါ်ယူသွားဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လမ်းပတ်ဟာ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝကို ကျောခိုင်းဖို့ကိုလည်း မကြာခင်မှာ တရားဝင်ကြေညာသွားဖွယ် ရှိနေသူပါ။ နယူးယော့ခ်စီးတီးအသင်းမှာ နှစ်နှစ်ကြာ ကစားပြီးနောက် ၃၅ ပွဲအတွင်း ဂိုးပေါင်း ၁၅ ဂိုးသွင်းယူနိုင်ခဲ့သူဖြစ်ပါတယ်။ နယူးယော့ခ်စီးတီးကို ကျောခိုင်းတော့မယ့် လမ်းပတ်ဟာ မကြာခင် နည်းပြလောကထဲ ဝင်ရောက်တော့မှာ ဖြစ်တယ်လို့ ခန့်မှန်းရပါတယ်။

play

 

ဒါပေမဲ့ ချယ်လ်ဆီးကစားသမားဟောင်း လမ်းပတ်ဘက်ကတော့ တိကျရေရာတဲ့ ရွေးချယ်မှုမျိုး  မလုပ်ရသေးဘူးလို့ Daily Mail သတင်းစာက ဖော်ပြထားပါတယ်။ အာဆင်နယ်အသင်းဟာ သူတို့အသင်းရဲ့ ဂန္တဝင်ကစားသမား ဖြစ်ခဲ့တဲ့ ဗီအဲရာဘောလုံးသမားဘဝက အနားယူသွားချိန်မှာ အသင်းကိုပြန်ခေါ်ဖို့ ပျက်ကွက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဗီအဲရာဟာ အာဆင်နယ်ရဲ့ ပြိုင်ဘက် မန်စီးတီးအသင်းရဲ့ နည်းစနစ်ဒါရိုက်တာ ဖြစ်လာခဲ့ပြီး နယူးယော့ခ်စီးတီးအသင်းရဲ့ နည်းပြချုပ်လည်း ဖြစ်လာခဲ့ပြန်ပါတယ်။

play

 

လမ်းပတ်ဟာ ချယ်လ်ဆီးအသင်းအတွက် စုစုပေါင်း ၂၁၁ ဂိုးသွင်းနိုင်ခဲ့သူဖြစ်ပြီး  အသင်းသမိုင်းမှာ ဂိုးအများဆုံး သွင်းခဲ့သူအဖြစ်လည်း  မှတ်တမ်းဝင်ထားသူပါ။

" နယူးယော့ခ်စီးတီးကစားသမားဘဝကို အဆုံးသတ်ဖို့ အချိန်ရောက်လာပါပြီ။ ကျွန်တော်ကျေးဇူးတင်ရမယ့်သူတွေ အများကြီးပါ။ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း နွေးနွေးထွေးထွေးနဲ့ ထောက်ခံအားပေးခဲ့သူတွေကို ကျေးဇူးတင်ပါတယ်" လို့ လမ်းပတ်က ပြောခဲ့ပါတယ်။

Source : 90min

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ