EPL: ပေါ့ဂ်ဘာ ဂိုးသွင်းအပြီးအောင်ပွဲခံပုံက သင်္ချာစာမေးပွဲ မေးခွန်းဖြစ်လာ

ပေါ့ဂ်ဘာရဲ့ Dab ကကွက်ကို အခြေခံပြီး သင်္ချာမေးခွန်းမှာ ထည့်သွင်းထားခဲ့တာဖြစ်ပါတယ်။

play

 

မန်ယူအသင်း ကစားသမားပေါ့ဂ်ဘာတစ်ယောက် ဂိုးသွင်းပြီးရင် အောင်ပွဲခံလေ့ရှိတဲ့ ပုံစံကို ရယူကာ ပြင်သစ်နိုင်ငံက ကျောင်းဆရာတစ်ဦးဟာ စာသင်ခန်းအတွက် အသုံးပြုလျက်ရှိကြောင်း သိရပါတယ်။

play

 

ပြင်သစ် ကျောင်းစာသင်ခန်းတစ်ခုအတွင်း သင်္ချာစာမေးပွဲ မေးခွန်းမှာ မန်ယူအသင်း ကစားသမား ပေါ့ဂ်ဘာရဲ့ ဂိုးသွင်းအပြီး အောင်ပွဲခံပုံကို အခြေခံကာ တြိဂံတွေရဲ့ ထောင့်ကို တွက်ချက်အဖြေရှာခိုင်းထားတာဖြစ်ပါတယ်။ ပြင်သစ်လက်ရွေးစင်လည်းဖြစ်တဲ့ ပေါ့ဂ်ဘာရဲ့ ဂိုးသွင်းပြီး အောင်ပွဲခံပုံဟာ Dab အကလို့ လူသိများတဲ့ အကကိုအတုယူထားတာဖြစ်ပါတယ်။ ခေါင်းကိုအောက်ချကာ လက်တစ်ဖက်ကို ကွေးပြီး ကျန်တစ်ဖက်က အပေါ်ကိုမြှောက်ထားတဲ့ အမူအရာ ဖြစ်ပါတယ်။

ပေါ့ဂ်ဘာအောင်ပွဲခံနေတဲ့ ပုံစံမှ တြိဂံမျဉ်းတွေ ဆွဲပြထားပြီး မေးခွန်းထုတ်ထားတာဖြစ်ပါတယ်။ ဒီစာမေးပွဲမေးခွန်းကို စာသင်ခန်းကျောင်းသားတစ်ဦးက တွစ်တာပေါ်မှာ ပြန်လည်ဝေမျှခဲ့တာဖြစ်ပြီး ပေါ့ဂ်ဘာကိုယ်တိုင်ကလည်း ပြန်လည်ပြီး ဝေမျှထားပြန်ပါတယ်။

ကကွက်ကို အခြေခံကာ ဆွဲထားတဲ့ တြိဂံတွေအကြောင်း မေးခွန်းထုတ်ခဲ့တာဖြစ်ပါတယ်။ အဓိကအကြောင်းအရာကတော့ ပေါ့ဂ်ဘာရဲ့ Dab ဟာစည်းမျဉ်းစည်းကမ်းအတိုင်း ကကွက်ဖြစ်ခဲ့သလားဆိုတာကို မေးခဲ့တာဖြစ်ပြီး Dab  ကကွက်အမှန်ဆိုရင် ထောင့်မှန်တြိဂံ ကျနေရမှာဖြစ်ပါတယ်။

ပေါ့ဂ်ဘာက ဒီအကြောင်းကိုသူကိုယ်တိုင် လူမှုကွန်ရက်ကို ပြန်လည်ဝေမျှခဲ့ပေမဲ့ မေးခွန်းကိုတော့ ဖြေပေးမသွားပါဘူး။

Source : Skysports

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ